Windows Server Administration သင်တန်းဆင်းပွဲအခမ်းအနား


Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Windows Server Administration Course – I သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား (၂၅)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
      အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သင်တန်းတွင် စာတွေ့ အပြင် Physical Lab, Virtual Lab, Cloud Lab များ ပြုလုပ်ပြီး သင်ခန်းစာများကို ထိရောက်စွာ သင်ကြားပြသပေးခဲ့သဖြင့် သင်တန်းသား သင်တန်းသူများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် System Administration နဲ့ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်သွားနိုင်ကြမည်ဟု မျှော်လင့်ကြောင်း၊ ပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ်များ ကိုလည်း လက်လှမ်းမှီသလောက် လေ့လာဆည်းပူးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
      ဆက်လက်ပြီး သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းနှင့်ပတ်သက်၍ အကြံပြုတင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
      ယင်းနောက် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအောင်လက်မှတ်များနှင့် Windows Server Administration Course – I သင်တန်းတွင် ပထမဆုရရှိသော ပြည်ထောင်စုလွှတ်တော်ရုံးမှ ဒေါ်ဝင်းစန္ဒာဌေး ၊ ဒုတိယဆုရရှိသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်အင်ကြင်းမေ နှင့် တတိယဆုရရှိသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒေါ်နှင်းယုဝါစိုးအား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။