Registration Guide for ITCSTC

နိဒါန်း

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းမှဖွင့် လှစ်လျက်ရှိသော သင်တန်းများကို ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများမှ တက်ရောက်ရန် အတွက် လျှောက်လွှာများကို အလွယ်တကူတင်သွင်းနိုင်ရန်နှင့် သင်တန်းများအကြောင်း အသေးစိတ် ဖတ်ရှုသိရှိရန်အတွက် သင်တန်းသားများကိုအထောက်အကူပြုရန် ရည်ရွယ်ပါသည်။

Website စာမျက်နှာရှိ Registration Guide သည် သင်တန်းကျောင်းမှ ဖွင့်လှစ်ထားသော သင်တန်းများကို  တက်ရောက်နိုင်ရန်အတွက် သင်တန်းသားများ၏ account ပြုလုပ်ပုံအဆင့် ဆင့်နှင့်တကွ သင်တန်းလျှောက်ထားရန် စာရင်းသွင်းခြင်းလုပ်ငန်းစဉ်များကို လမ်းညွှန်ပေးသည့် အချက်အလက်များကိုဖော်ပြထားပြီး သင်တန်းကျောင်းသို့ဆက်သွယ်ရန် စိတ်ဝင်စားသူများ အတွက်လည်း အထောက်အကူဖြစ်စေပါသည်။ ထို Registration Guide ကို မည်သူမဆို ဝင်ရောက်ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

၁) Browser ၏ URL တွင် www.itcstc.edu.mm ကိုရိုက်ထည့်ပါ။

၂) Top Bar တွင် ရှိသော Registration Guide ကိုနှိပ်ပါ။

၃) သင်တန်းကျောင်း၏ Registration Guide ကို အသေးစိတ်ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

သင်တန်းကျောင်းမှ ဖွင့်လှစ်သော သင်တန်းများကို လျှောက်ထားလိုသောသူများနှင့် Library တွင် စာအုပ်များ ငှားရမ်း/ဖတ်ရှုလိုသောဝန်ထမ်းများသည် အကောင့်တစ်ခုဖန်တီးရမည် ဖြစ်ပါသည်။ Register ပြုလုပ်မည့််သူသည် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း ရမည်ဖြစ်ပြီး အောက်ဖော်ပြပါအချက်အလက်များသည် ကန့်သတ်ချက်များနှင့် ကိုက်ညီရမည် ဖြစ်ပါသည်။

၁) ဓာတ်ပုံတင်ရန် (size Maximum 2MB & all image types)

၂) အမည် (မြန်မာ) (အမည်သာလျှင်ထည့်ရန် (ဦး၊ ဒေါ်များ မထည့်ရန်))

၃) Username (English) (Name တွင် Space မခြားရန်)

၄) ဝန်ထမ်းကတ် (Size Maximum 2MB & all image file types)

၅) အီးမေးလ် (မှန်ကန်သော email address ဖြည့်ပေးရန်)

၆) လျှောက်ထားသူ၏ ဖုန်းနံပါတ် (တိကျမှန်ကန်စွာ ဖြည့်ပေးရန်)

၇) ရုံးလိပ်စာ (တိကျမှန်ကန်စွာ ဖြည့်ပေးရန်)

အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းပြီးပါက “ထည့်သွင်းရန်” ခလုတ်ကိုနှိပ်ရပါမည်။

လျှောက်ထားသူသည် Register ကို တစ်ကြိမ်သာလျှင်ပြုလုပ်ရမည်ဖြစ်ပြီး၊ Registration ပြုလုပ်ပြီးပါက Register ပြုလုပ်ရာတွင်ထည့်သွင်းခဲ့သော Email သို့ Password ပို့ပေးမည် ဖြစ်ပါသည်။ ထို Password ကိုသိမ်းဆည်းထားပြီး အကောင့် Login ဝင်ရောက်ရာ တွင်အသုံးပြုရမည် ဖြစ်ပါသည်။

အသုံးပြုသူ User သည် Registration ပြုလုပ်အောင်မြင်ပြီးပါက အကောင့်တစ်ခုရရှိမည် ဖြစ်ပါသည်။ ထိုအကောင့်ကို Login ဝင်ရောက်ရာတွင် အသုံးပြုရမည်ဖြစ်ပါသည်။ Login ဝင် ရောက်ရာတွင်

၁) Browser ၏ URL တွင် www.itcstc.edu.mm ကိုရိုက်ထည့်ပါ။

၂) Top Bar တွင် ရှိသော Login ကိုနှိပ်ပါ။

၃) User သည် Email နှင့် Password ကို မှန်ကန်စွာဖြည့်သွင်းပြီး Login ကို နှိပ်ရမည်ဖြစ်ပါသည်။

၄) Login ဝင်ရောက်အောင်မြင်ပါက User သည် မိမိနှင့်သက်ဆိုင်သည့် Profile Page သို့ရောက် ရှိမည်ဖြစ်ပါသည်။

Profile Page တွင် သင်တန်းများကို လျှောက်ထားနိုင်ခြင်း၊ သင်တန်းကျောင်း၏ Library ကိုဖတ်ရှုခွင့်ပြုရန် တောင်းခံနိုင်ခြင်း၊ မိမိလျှောက်ထား/တက်ရောက်ခဲ့သော သင်တန်းများနှင့် ပတ်သတ်သည့် မှတ်တမ်းများကို အလွယ်တကူ ကြည့်ရှု့နိုင်ခြင်းများပြုလုပ်နိုင်ပါသည်။

အကယ်၍ User သည် password မေ့သွားပါက Login page တွင်ရှိသော Forgot Password ကိုနှိပ်၍ အောက်ပါအတိုင်း password ချိန်းနိုင်ပါသည်။

၁) Login Form တွင်ရှိသော Forgot Password ကို နှိပ်ရမည်ဖြစ်ပါသည်။

၂) စကားဝှက်အသစ်ထားရှိရန်အတွက် Email address ရိုက်ထည့်ရပါမည်။

၃) Email address သို့ ပို့လာသော Link မှတစ်ဆင့် Reset Password နှိပ်ကာ New password ထည့်ကာ Submit နှိပ်ပေးရပါမည်။

User သည် မိမိ အသစ်ထည့်သွင်းခဲ့သော Password အသစ်ဖြင့်သာ Login ဝင်ရောက်ရမည် ဖြစ်ပါသည်။

User သည် Login ဝင်ရောက်အောင်မြင်ပါက ဦးစွာမြင်ရမည့် User Profile Page ဖြစ်ပါ သည်။ User Profile တွင် မိမိဖြည့်သွင်းခဲ့သော ကိုယ်ရေးအချက်အလက်များ ပြန်လည်စစ်ဆေး နိုင်သည့်အပြင် အောက်ပါအချက်အလက်များကိုပါ ပြုလုပ်နိုင်ပါသည်။

၁) ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်ခြင်း Registrationပြုလုပ်စဉ် ဖြည့်သွင်းခဲ့သောကိုယ်ရေးအချက်အလက်များမှားယွင်းပါက ပြန် လည်ပြင်ဆင်လိုလျှင် User Profile မှ ပြင်ဆင်ရန် ကို နှိပ်ပါ။

 မိမိပြင်ဆင်လိုသောအချက်အလက်ကို ပြင်ဆင်၍ “ထည့်သွင်းရန်” ကိုနှိပ်ပါ။

၂) စကားဝှက်ပြောင်းလဲခြင်း

User သည် မိမိ၏ Password ကိုပြောင်းလဲလိုပါက User Profile တွင်ရှိသော “စကားဝှက် ပြောင်းရန်” ကိုနှိပ်ပါ။

မိမိပြောင်းလဲလိုသော New Password ထည့်၍ Confirm Password တွင်ပြောင်းလိုက် သော password ကိုconfirm ပြုလုပ်၍ Save Changes Button ကိုနှိပ်ပါ။

၃) Library အသုံးပြုခွင့်တောင်းခံနိုင်ခြင်း/ Library စနစ်သို့ဝင်ရောက်ခြင်း

အသုံးပြုသူ User သည် Library တွင် စာအုပ်များဖတ်ရှု/ငှားရမ်းခြင်းများ ပြုလုပ်လိုပါက Request to Library Button ကို နှိပ်ပါ။

Library Request ပြုလုပ်မည်သေချာပါက Yes Button ကို နှိပ်ပါ။

ပုံတွင်ပြထားသည့်အတိုင်း Pop Up message box ကျလာပါက Library အသုံးပြုနိုင်ရန် Request ပြုလုပ်ပြီးဖြစ်ပါသည်။

Library အသုံးပြုခွင့်ရရှိပါက Go to Library button ဟု ပေါ်လာမည်ဖြစ်ပါသည်။ ထို button ကို နှိပ်၍ Library ထဲသို့ဝင်ရောက်ကာ စာအုပ်များဖတ်ရှုခြင်း၊ ငှားရမ်းခြင်း နှင့် Download ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ပြီဖြစ်သည်။

၄) သင်တန်းကျောင်းမှရရှိခဲ့သော သင်တန်းဆင်းလက်မှတ်များကို ကြည့်ရှုခြင်း

သင်တန်းကျောင်းမှရရှိခဲ့သော သင်တန်းဆင်းလက်မှတ်များကို User Profile တွင်ရှိသော Certificate ကိုနှိပ်၍ကြည့်ရှုနိုင်ပါသည်။

သင်တန်းကျောင်း၌ ယခင်တက်ရောက်ခဲ့ဖူးသောသင်တန်းများမှ ရရှိခဲ့သည့် သင်တန်းဆင်း လက်မှတ်များကို ပုံတွင်ပြထားသည့်အတိုင်းတွေ့မြင်ရမည်ဖြစ်ပါသည်။

၅) သင်တန်းမှတ်တမ်းများကို စစ်ဆေးကြည့်ရှုခြင်း

လျှောက်ထားခဲ့သည့်သင်တန်းများ ခေါင်းစဉ်အောက်တွင် ‌အောက်ပါအတိုင်း ပါဝင်ပါသည်။

၁) သင်တန်းအားလုံး

          သင်တန်းကျောင်းဘက်မှ လက်ခံလိုက်သည့် သင်တန်းများ၊ ငြင်းပယ်လိုက်သည့် သင်တန်းများ၊ တက်ရောက်ဆဲသင်တန်းများ၊ တက်ရောက်အောင်မြင်ပြီးစီးခဲ့သည့် သင်တန်း အားလုံးကို ဖော်ပြထားခြင်းဖြစ်ပါသည်။

၂) လက်ခံသည့်သင်တန်းများ

          သင်တန်းကျောင်းမှ မကြာမီဖွင့်လှစ်မည့် သင်တန်းအတွက် သင်တန်းသားအဖြစ်ရွေးချယ် လိုက်သည့် သင်တန်းစာရင်းကို ဖော်ပြထားခြင်းဖြစ်ပါသည်။

သင်တန်းသားသည် မိမိတက်ရောက်ရမည့် သင်တန်းရက်ကို ရောက်ရှိလျှင် Go to Course button ပေါ်လာမည်ဖြစ်ပါသည်။ ထို button ကို နှိပ်လျှင် သက်ဆိုင်ရာ Course သို့ ရောက်ရှိမည်ဖြစ်ပြီး စတင်သင်ကြားနိုင်ပြီဖြစ်ပါသည်။

၃) ငြင်းပယ်သည့်သင်တန်းများ

          သင်တန်းကျောင်းမှ သတ်မှတ်ချက်များနှင့် မကိုက်ညီ၍ ငြင်းပယ်လိုက်သည့် သင်တန်းစာရင်းကို ဖော်ပြထားခြင်းဖြစ်ပါသည်။

၄) တက်ရောက်ဆဲသင်တန်းများ

          သင်တန်းကျောင်းမှ လက်ရှိဖွင့်နေသော သင်တန်းတွင် သင်တန်းသားအဖြစ်တက်ရောက် နေသော သင်တန်းအမည်ကို ဖော်ပြထားပါသည်။

၅) တက်ရောက်ပြီးစီးသောသင်တန်းများ

          သင်တန်းကျောင်းမှ ဖွင့်လှစ်ခဲ့သော သင်တန်းများတွင် တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းမှတ်တမ်းများကို ဖော်ပြထားခြင်းဖြစ်ပါသည်။

သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လိုပါက သင်တန်းသားသည် အောက်ပါ အတိုင်း မိမိနှစ်သက်သည့်နည်းလမ်းဖြင့် လျှောက်ထားနိုင်ပါသည်။

၁) Upcoming Training Course မှလျှောက်ထားခြင်း

Home Page တွင်ရှိသော Upcoming Training Course မှမိမိတက်ရောက်လိုသော Course ကို Apply Now ကိုနှိပ်ပါ။

၂) Search Box တွင်ရှာ၍ လျှောက်ထားခြင်း

Menu တွင် ရှိသော Course ကို နှိပ်၍ Courses စာမျက်နှာသို့သွားပါ။

မိမိတက်ရောက်လိုသော Course ၏ အမည်ကို Keyword Box တွင်ထည့်၍ Search Button ကိုနှိပ်ပါ။

မိမိရှာဖွေထားသော Course ၏ Apply Now ကိုနှိပ်ပါ။

၃) Course Detail မှလျှောက်ထားခြင်း

Home page တွင် ရှိသော More Courses ကိုနှိပ်ပါ။

သင်တန်းအသေးစိတ်ဖတ်ရှု၍လျှောက်ထားနိုင်ရန် ပုံတွင်ပြထားသည့်အတိုင်း View Course Detail ကိုနှိပ်ပါ။

View Course Detail ကိုနှိပ်၍ Couse နှင့် ပတ်သက်သော အသေးစိတ်အကြောင်းအရာများ ကိုဖတ်ရှုကာ Apply Now ကိုနှိပ်ပါ။

မိမိတက်ရောက်လိုသော သင်တန်းကို Apply Now နှိပ်ပြီးပါက သင်တန်းနှင့်ပတ်သက် သော အချက်အလက်များကို လျှောက်ထားသူသင်တန်းသားသည် ထပ်မံဖြည့်သွင်းပေးရမည်ဖြစ်ပါသည်။

သင်တန်းသားသည် သင်တန်းများလျှောက်ထားရာတွင် မိမိလျှောက်ထားသည့် သင်တန်းနှင့် ပတ်သက်သော အချက်အလက်များကို ထပ်မံဖြည့်သွင်းရမည်ဖြစ်ပါသည်။ ထို Form တွင် လျှောက်ထားသူသင်တန်းသားသည် ပေးထားသောမေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရမည် ဖြစ်ပြီး ဝန်ကြီးဌာနမှခွင့်ပြုစာကို မဖြစ်မနေထည့်သွင်းရမည်ဖြစ်ပြီး အောက်ပါအချက်အလက်များ ကိုလည်း ပြည့်စုံစွာတင်သွင်းရမည်ဖြစ်သည်။

၁) Other Attached File (PDF file format)

ဤသင်တန်းကျောင်းမှ တက်ရောက်အောင်မြင်ခဲ့သော Certificate များကို PDF File ဖြင့် တင်သွင်းရမည်ဖြစ်ပါသည်။

၂) Other Attached File (PDF file format)

ပြင်ပသင်တန်းများမှ တက်ရောက်အောင်မြင်ခဲ့သော သင်တန်းများရှိပါက တက်ရောက်အောင်မြင်ခဲ့သည့် Certificate များကို တင်သွင်းရမည် ဖြစ်ပါသည်။

အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းပြီးပါက ပုံတွင်ပြထားသည့်အတိုင်း Apply Now Button ကိုနှိပ်ရမည်ဖြစ်ပါသည်။

သင်တန်းလျှောက်ထားသူသည် သင်တန်းကို လျှောက်ထားအောင်မြင်ပြီးပါကတက်ရောက် ခွင့်ရမရကို သိရှိနိုင်ရန်အတွက် သင်တန်းကျောင်းမှကြေညာသည့် တက်ရောက်ခွင့်ရရှိသော သင်တန်းသားများအမည်စာရင်းတွင် သက်ဆိုင်ရာသင်တန်းအလိုက် မိမိတို့၏အမည် ဖြင့်ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်ပါသည်။