• ၂၀၂၃-၂၀၂၄

    • သင်တန်း‌ကျောင်းဝက်ဆိုက်၊ သင်တန်းသားစီမံခန့်ခွဲရေးစနစ်၊ သင်ကြားရေးစနစ်၊ Online စာကြည့်တိုက်စနစ်၊ Video Conferencing စနစ်များပါဝင်သော Training Center Portal တစ်ခုကို (၃၁-၇-၂၀၂၃) ရက်နေ့တွင် www.itcstc.edu.mm ဒိုမိန်းဖြင့် တရားဝင်ထုတ်လွှင့်၍ စတင်အသုံးပြုခဲ့ပါသည်။
    • အွန်လိုင်းသင်တန်းများကို အွန်လိုင်းသင်ကြားရေးခန်းမအတွင်း (၃၁-၇-၂၀၂၃) ရက်နေ့မှစ၍ Video Conferencing စနစ်ဖြင့် စတင်အသုံးပြု၍ သင်ကြားပို့ချခဲ့ပါသည်။
    • သင်ထောက်ကူ Platform အဖြစ် Private Cloud Lab စနစ်ကို သြဂုတ်လတွင် စတင် စမ်းသပ် အသုံးပြုခဲ့ပါသည်။
    • ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း Digital Business Transformation for MSMEs အွန်လိုင်းသင်တန်းအား စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စတင်ဖွင့်လှစ်ခဲ့ပါသည်။
    • (၁-၉-၂၀၂၃) ရက်နေ့မှစ၍ အွန်လိုင်းမှတဆင့် သင်တန်းခေါ်ယူခြင်း၊ သင်တန်းလျှောက်ထားခြင်း၊ သင်တန်းသားကြေငြာခြင်းများအား www.itcstc.edu.mm Web Portal တွင် စတင်အသုံးပြုခဲ့ပါသည်။
    • ဒီဇင်ဘာလမှစတင်၍ CIO Program များကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။

  • ၂၀၂၂-၂၀၂၃

    • ဘဏ္ဍာရေးနှစ်အတွင်း e-Learning Management System အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် Private Cloud Lab တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

  • ၂၀၂၁(၆လ)

    • Coronavirus Disease 2019 (Covid 19) ကာလအတွင်း ရပ်နားခဲ့ရသော Classroom စာသင်ကြားခြင်းအား (၂.၁.၂၀၂၂) ရက်နေ့တွင် Advanced Excel နှင့် Advanced Networking Course I သင်တန်းများဖြင့် စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
    • ၂၀၂၂ မတ်လအတွင်း Classroom သင်တန်းများနှင့် Online သင်တန်းများ အမျိုးအစား (၂) ခုစလုံးကို တစ်ပြိုင်နက် ဖွင့်လှစ်သင်ကြားခြင်းအား စတင်ခဲ့ပါသည်။

  • ၂၀၂၀-၂၀၂၁

    • Coronavirus Covid 19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀ပြည့်နှစ်၊ ဧပြီလမှစ၍ ဇွန်လ နောက်ဆုံးပတ်အထိ သင်တန်းများ ဖွင့်လှစ်ခြင်းကို ယာယီရပ်နားထားခဲ့ရပါသည်။
    • (၂၉-၆-၂၀၂၀)ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ စီမံချက် ရေးဆွဲ၍ သင်တန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
    • (၂၉-၆-၂၀၂၀)ရက်နေ့တွင် www.itcstc.edu.mm ဝက်ဆိုက်ကို တရားဝင် ထုတ်လွှင့်ခဲ့သည်။ Course Management System (CMS) အွန်လိုင်း သင်ကြားရေးနည်းစနစ် Learning.itcstc.edu.mm ကို စတင်အသုံးပြု၍ သင်ကြားပို့ချခဲ့သည်။

  • ၂၀၁၉-၂၀၂၀

    • (၅-၈-၂၀၁၉) ရက်နေ့တွင် Public မှ ဝင်ရောက်နိုင်သော Server Farm တစ်ခုကို ရုံးအမှတ်(၂)၊ သင်တန်းကျောင်းတွင် တည်ဆောက်ပြီးစီးခဲ့သည်။
    • Public Domain အစား itcstc.edu.mm သင်တန်းကျောင်းဒိုမိန်းသုံးအီးမေးလ် @itcstc.edu.mm ကို (၁၇-၉-၂၀၁၉)ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုခဲ့သည်။
    • (၂၃-၃-၂၀၂၀)ရက်နေ့တွင် www.itcstc.edu.mm ဝက်ဆိုက်ကို စမ်းသပ်ထုတ်လွှင့်ခဲ့သည်။

  • ၂၀၁၆-၂၀၁၇

    • (၂၃-၅-၂၀၁၆)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်း များအတွက် PC for Office Application Course (Basic)၊ သင်တန်း အမှတ်စဉ် (၀၁၀၁/၀၁/၁၆-၁၇) ကို စတင်ဖွင့်လှစ်ခဲ့သည်။

  • ၂၀၁၅-၂၀၁၆

    • (၁-၄-၂၀၁၅)ရက်နေ့တွင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းကို ရုံးအမှတ်(၂)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်တွင် စတင်၍ တည်ထောင်ဖွဲ့စည်းခဲ့သည်။