• ၂၀၂၁(၆လ)

    (၃၁-၈-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် COVID -19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ၊ သင်တန်းများ ဖွင့်လှစ်ပို့ချ ခြင်းကို (၂-၉-၂၀၂၀) ရက်နေ့မှ စ၍ ခေတ္တရပ်ဆိုင်းခဲ့ရပါသည်။
    Coronavirus Disease 2019 (Covid 19) ကာလအတွင်း Class Room သင်တန်းများရပ်နားထားသည့်အချိန်တွင် အင်တာနက်ကို အသုံးပြု၍ သင်ကြားသော Online Training များကို (၁၆.၁၂.၂၀၂၀) ရက်နေ့မှ စတင်၍ သင်ကြားပို့ချခဲ့ပါသည်။

  • ၂၀၂၀-၂၀၂၁

    Coronavirus Covid 19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀ပြည့်နှစ်၊ ဧပြီလမှစ၍ ဇွန်လ နောက်ဆုံးပတ်အထိ သင်တန်းများ ဖွင့်လှစ်ခြင်းကို ယာယီရပ်နားထားခဲ့ရပါသည်။
    (၂၉-၆-၂၀၂၀)ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ စီမံချက် ရေးဆွဲ၍ သင်တန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
    (၂၉-၆-၂၀၂၀)ရက်နေ့တွင် www.itcstc.edu.mm ဝက်ဆိုက်ကို တရားဝင် ထုတ်လွှင့်ခဲ့သည်။ Course Management System (CMS) အွန်လိုင်း သင်ကြားရေးနည်းစနစ် Learning.itcstc.edu.mm ကို စတင်အသုံးပြု၍ သင်ကြားပို့ချခဲ့သည်။

  • ၂၀၁၉-၂၀၂၀

    (၅-၈-၂၀၁၉) ရက်နေ့တွင် Public မှ ဝင်ရောက်နိုင်သော Server Farm တစ်ခုကို ရုံးအမှတ်(၂)၊ သင်တန်းကျောင်းတွင် တည်ဆောက်ပြီးစီးခဲ့သည်။
    Public Domain အစား itcstc.edu.mm သင်တန်းကျောင်းဒိုမိန်းသုံးအီးမေးလ် @itcstc.edu.mm ကို (၁၇-၉-၂၀၁၉)ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုခဲ့သည်။
    (၂၃-၃-၂၀၂၀)ရက်နေ့တွင် www.itcstc.edu.mm ဝက်ဆိုက်ကို စမ်းသပ်ထုတ်လွှင့်ခဲ့သည်။

  • ၂၀၁၆-၂၀၁၇

    (၂၃-၅-၂၀၁၆)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်း များအတွက် PC for Office Application Course (Basic)၊ သင်တန်း အမှတ်စဉ် (၀၁၀၁/၀၁/၁၆-၁၇) ကို စတင်ဖွင့်လှစ်ခဲ့သည်။

  • ၂၀၁၅-၂၀၁၆

    (၁-၄-၂၀၁၅)ရက်နေ့တွင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းကို ရုံးအမှတ်(၂)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်တွင် စတင်၍ တည်ထောင်ဖွဲ့စည်းခဲ့သည်။