Project Planning & Management for Software Development သင်တန်းဆင်းပွဲအခမ်းအနား


Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Project Planning & Management for Software Development သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန  အသီးသီးမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၆) ဦး  တက်ရောက်ခဲ့ပါသည်။ ထို့နောက် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသား/သူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင်တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျောင်းအုပ်မှ သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒေါ်မေသူဝင်း၊ ဒုတိယဆုရရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးမင်းခန့်ထွေး၊  တတိယဆုရရှိသော ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးမှ ဒေါ်နှင်းဝေဦး တို့အား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။