သမိုင်းကြောင်း

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

သမိုင်းကြောင်း

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ( ၂/ ၂၀၁၅ ) အရ
ဆက်သွယ်ရေးနှင့် အချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ညာစာ အမှတ် (၉/၂၀၁၅) ဖြင့် သတင်း အချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။

ဦးစီးဌာနဖွဲ့စည်းပုံ

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေ ဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာ အသီးသီးမှ အကောင်အထည်ဖေါ် ဆောင်ရွက်ထား သည့် e-Government လုပ်ငန်းစဉ်များအား အကျိုးရှိရှိ ပေါင်းစပ် အသုံးပြုနိုင်ရေး၊ လုပ်ငန်းစဉ် အသစ်များအား လေ့လာ၍ စီမံကိန်း အသစ်များ ရေးဆွဲအကောင်အထည် ဖေါ်ဆောင်ရေး၊ သတင်း အချက်အလက် ဆက်သွယ်ရေး နည်းပညာ (ICT) စံနှုန်းများ သတ်မှတ်နိုင်ရေး၊ လိုအပ်သည့် ဥပဒေများ ပြဌာန်းနိုင်ရေး၊ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး လုပ်ငန်းများ စနစ်တကျကြီးကြပ်၍ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေးနှင့် အဖွဲ့အစည်း၊ ဌာနဆိုင်ရာ အချင်းချင်းတို့အား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ အောက်ဖေါ်ပြပါ ဌာနခွဲ(၆)ခုဖြင့် တည်ထောင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

ဌာနခွဲ

  • စီမံ/ဘဏ္ဍာ/ထောက်ပံ့ရေးဌာန
  • e-Government ဌာန
  • ဥပဒေ/နိုင်ငံတကာ/ပြန်ကြားရေးဌာန
  • အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန
  • ဂြိုဟ်တုဆက်သွယ်ရေးဌာန
  • သင်တန်းကျောင်း

သင်တန်းကျောင်းဖြစ်ပေါ်လာပုံ

သမိုင်းကြောင်း

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ( ၂/ ၂၀၁၅ ) အရ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြေငြာစာအမှတ် (၉/၂၀၁၅) ဖြင့် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ တည်ထောင် ဖွဲ့စည်းခဲ့ပြီး သင်တန်းကျောင်းသည် ဌာနခွဲ(၆)ခု အနက် တစ်ခု ဖြစ်ပါသည်။ သင်တန်းကျောင်းကို ရုံးအမှတ်(၂)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအဆောက်အဦတွင် ယခင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်း၏ နေပြည်တော်အခြေစိုက် စာသင်ခန်းမ(၂)ခု (E-Learning Centre I နှင့် E-Learning Centre II) တို့ကို လွှဲပြောင်းလက်ခံ၍ အဆိုပါ စာသင်ခန်းမ(၂)ခုတွင် အိုင်စီတီသင်တန်းများ ပို့ချပေးလျက်ရှိပါသည်။

၂၃-၅-၂၀၁၆ ရက်နေ့တွင် PC for Office Application Course (Basic)၊ သင်တန်းအမှတ်စဉ် (၀၁၀၁/၀၁/၁၆-၁၇) သင်တန်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ CIO/ACIO အပါအဝင် နိုင်ငံ့ဝန်ထမ်းများအား e-Government ၊ ဆိုက်ဘာလုံခြုံရေးနှင့် အိုင်စီတီသင်တန်းများကို ယနေ့တိုင် ဖွင့်လှစ်ပို့ချပေးလျက် ရှိပါသည်။

ကျောင်းအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်များ​

ဒေါ်မြ
(၂၀၁၅ - ၂၀၁၆)
ဒေါ်မြ

Lorem ipsum dolor sit amet, consectetur adipiscing elit.

ဒေါ်လှ
(၂၀၁၆ - ၂၀၁၇)
ဒေါ်လှ

Aliter homines, aliter philosophos loqui putas oportere?

ဦးဝင်း
(၂၀၁၇ - ၂၀၁၈)
ဦးဝင်း

Lorem ipsum dolor sit amet, consectetur adipiscing elit

ဒေါ်စန္ဒာ
(၂၀၁၈ - ၂၀၁၉)
ဒေါ်စန္ဒာ

Lorem ipsum dolor sit amet, consectetur adipiscing elit