


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Open Data and Data Analytics နှင့် Develop an IT Strategic Plan သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ (၈)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမိုးကျော်စိုးနှင့်တကွ၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ CIO/ACIO သင်တန်းသားများ စုစုပေါင်း (၅၈)ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးမှ ဖွင့်လှစ်ပို့ချပေးခဲ့သည့် သင်တန်းများသည် အစိုးရဌာနအသီးသီး၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး မျှော်မှန်းချက်များကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည့် မဟာဗျူဟာကျကျ အကောင်အထည်ဖော် ဆောင်ရွက်တတ်စေမည့် နည်းဗျူဟာဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ အခြေခံမူဝါဒများ၊ အသုံးချနည်းပညာများနှင့် မြောက်မြားစွာသော ဒေတာအချက်အလက်များကို ဆန်းစစ်လေ့လာသည့် နည်းပညာများကို ကောင်းစွာသိရှိနားလည်စေရန်အတွက် ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာသစ်များ အရှိန်အဟုန်နဲ့ လျင်လျင်မြန်မြန် တိုးတက်ဖြစ်ထွန်းလာနေပြီး ယခုလိုမျိုး သင်တန်းများမှတဆင့် ရရှိသည့် အသိပညာ ဗဟုသုတတွေများအား ပြောင်းလဲတိုးတက်လာနေသည့် ခေတ်စနစ်နဲ့ လိုက်လျောညီထွေမှု ရှိစေရန် မဟာဗျူဟာကျကျ တွေးမြင်ပြီး တည်ဆောက်သွားနိုင်ဖို့ အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ပိုမိုတိုးတက် ကောင်းမွန်သည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနှင့် တီထွင်ဆန်းသစ်မှုများ ဖန်တီးသွားနိုင်ရန် CIO/ACIO များမှ အထူးအလေးထား ဦးတည် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးမှ Open Data and Data Analytics နှင့် Develop an IT Strategic Plan သင်တန်းများ၏ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပြီး၊ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ သင်တန်းနှင့်ပတ်သက်၍ သုံးသပ်အကြုံပြုချက်များ ပြောကြားကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
သင်တန်းကျောင်း

