Online Security Awareness သင်တန်းဆင်းပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Online Security Awareness သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသား (၃၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
      အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသော အသိပညာ၊ ဗဟုသုတများကို လက်တွေ့ပြန်လည် အသုံးချကြရန်၊ မိမိဌာနတွင် ထပ်ဆင့်ပြန်လည်မျှဝေကြရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပုံမှန်လုပ်ဆောင်သင့်သည့် အလေ့အကျင့်ကောင်းများကို ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းနှင့်ပတ်သက်၍ အကြံပြုတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
      ယင်းနောက် သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များနှင့် Online Security Awareness သင်တန်းတွင် ပထမဆုရရှိသော ဥပဒေရေးရာဝန်ကြီးဌာနမှ ဒေါ်ခင်ချစ်ဆုနိုင်၊ ဒုတိယဆုရရှိသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒေါ်အေးမြတ်မွန် နှင့် တတိယဆုရရှိသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒေါ်မဉ္ဇူသန်းအား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။