


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွင်း Network Security သင်တန်း နှင့် VMware vSphere Administration သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၅၆ ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် Network Security သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ ဦးကောင်းထက် အားလည်းကောင်း၊ ဒုတိယဆုရရှိသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးမင်းခန့်ကျော် အားလည်းကောင်း၊ တတိယဆုရရှိသော ပညာရေးဝန်ကြီးဌာနမှ ဒေါက်တာဇွန်ငြိမ်းနွေး အားလည်းကောင်း ထူးချွန်ဆုများ ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး VMware vSphere Administration သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒေါ်နွေးနွေးမြင့် အားလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒေါ်သိင်္ဂီဦး အားလည်းကောင်း၊ တတိယဆုရရှိသော ဥပဒေရေးရာဝန်ကြီးဌာနမှ ဒေါ်နွေစုအောင် အားလည်းကောင်း ဆုများ အသီးသီးပေးအပ်ခဲ့ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။