MySQL Database သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) MySQL Database (Online) သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းတွင် Online မှတစ်ဆင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၃၂ ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးမှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ခြင်းနှင့် သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်  သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။