Microsoft Office PowerPoint 2019 သင်တန်းဖွင့်ပွဲအခမ်းအနား


News Training Center Uncategorized

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office PowerPoint 2019  သင်တန်း၏ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် e-Learning Center စာသင်ခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်မျိုးကျော်နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသားစုစုပေါင်း (၂၈)ဦးတို့ တက်ရောက်ကြောင်း သိရှိရပါ သည်။

ယနေ့ဖွင့်လှစ်သည့် Microsoft Office PowerPoint 2019 သင်တန်းသည် ဒေတာ၊ အချက်အလက်များကို ရုပ်ပုံများ၊ Illustrations များ၊ Interactive Features များ၊ Animation များ၊ Multimedia elements များ ဖန်တီးပြီး ရှင်းလင်းတင်ပြနိုင်မည့် အမြင်အာရုံ ဆွဲဆောင်မှုရှိသော Presentation Slide များကိုကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Microsoft Office PowerPoint 2019 သင်တန်းသည် သင်တန်းကာလအနေဖြင့် (၁၃-၂-၂၀၂၄)ရက်မှ (၁၆-၂-၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့ အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံ ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။