Microsoft Office PowerPoint 2019 သင်တန်းဆင်းပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office PowerPoint 2019 သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညနေပိုင်း တွင် e-Learning Center စာသင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဒုတိယ ကျောင်းအုပ် ဦးလှိုင်မျိုးကျော် နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊  သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန  အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၂၈) ဦး  တက်ရောက်ခဲ့ပါသည်။

ထို့နောက် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသား/သင်တန်းသူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင် တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကျောင်းအုပ်မှ သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးတိုးတက်လင်း၊ ဒုတိယဆုရရှိသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဦးသန့်ဇင်ဦး၊ တတိယဆုရရှိသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဦးစောရန်သိန်းတို့အား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။