Microsoft Office PowerPoint 2010 Training သင်တန်းဖွင့်ပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေး သင်တန်းကျောင်းတွင် ဒေတာ၊ အချက်အလက်များကို ရုပ်ပုံကားချပ်များ Animation တို့ဖြင့် ရှင်းလင်းတင်ပြခြင်းနှင့် Presentation Slide များ လက်တွေ့ လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သော Microsoft Office PowerPoint 2010 Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ နိုဝင်ဘာ (၂၅) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။ အဆိုပါ Microsoft Office PowerPoint 2010 Training သင်တန်းကို ပြည်ထောင်စု ုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၁၂)ခုမှ သင်တန်းသား (၃၇) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။ သင်တန်းကာလများမှာ (၂၅-၁၁-၂၀၁၉)ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိ (၅)ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲများသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျောင်းအုပ်က အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။