Microsoft Office Excel (2019), Basic Networking နှင့် PHP Programming Language သင်တန်းဆင်းပွဲအခမ်းအနား


Ministry News

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) PHP Programming Language သင်တန်း၊ (ဒုတိယအကြိမ်) Microsoft Office Excel 2019 (Online) သင်တန်းနှင့် (တတိယအကြိမ်) Basic Networking သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ (၁၉)ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ်(၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
      အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်း အသီးသီးမှ သင်တန်းသား/ သင်တန်းသူ ( ၇၅ ) ဦးတို့ တက်ရောက်ခဲ့ပါသည်။
      ထို့နောက် ညွှန်ကြားရေးမှူးချုပ် နှင့် သင်တန်းကျောင်း၊ ကျောင်းအုပ် တို့မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများတို့အား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။