Microsoft Office Advanced Excel , Linux Foundation နှင့် Web Design HTML5 and CSS3 (Online) သင်တန်းဖွင့်ပွဲ အခမ်းအနား


Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office Advanced Excel , Linux Foundation နှင့် Web Design HTML5 and CSS3 (Online) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းနှင့်တကွ၊ သင်တန်းကျောင်း ကျောင်းအုပ်၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား ( ၈၇  ) ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က Microsoft Office Advanced Excel သင်တန်းသည် MS Office Excel ကို အသုံးပြု၍ Data အချက်အလက်များ စီမံဆောင်ရွက်တတ်စေရန်နှင့် ကြီးမားသော ဒေတာများဖြင့်  လုပ်ငန်း စီမံဆောင်ရွက်မှုများ၊ တွက်ချက်မှုများကို လျင်မြန်စွာ ဆောင်ရွက်နိုင်မည့် Data Analyzer တစ်ဦးအနေဖြင့် ဆောင်ရွက်သွားနိုင်ရန်   ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ Linux Foundation သင်တန်းသည် Linux Operation System ကို အသုံးပြုနိုင်ဖို့အတွက် စာတွေ့လက်တွေ့    သင်ကြားပို့ချပေးသွားမှာ     ဖြစ်ကြောင်းနှင့် Web Design HTML 5 and CSS 3 သင်တန်းသည် Online သင်တန်းဖြစ်ပြီး Website ၏ User Interface (UI)/ User Experience (UX) ပိုင်းကို သေချာနားလည် သဘောပေါက်ပြီး HTML5 နှင့် CSS3 Language ကို အသုံးပြု၍  Static Web Pages များကို လက်တွေ့ရေးသား ဖန်တီးမှုများ   ပြုလုပ်နိုင်ရန်ဖွင့်လှစ်သွားခြင်း ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်းတွေအနေဖြင့် နိုင်ငံ၏ ဒစ်ဂျစ်တယ်စနစ် တည်ဆောက်မှုတွင် ဟန်ချက်ညီညီ   ကြိုးစားသွားကြမယ်ဆိုရင်  e-Government Master Plan မှာ ပါရှိသည့် လုပ်ငန်းစဉ်မူဘောင်များ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အောင်မြင်ဖို့အတွက်  အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ ၀န်ကြီးဌာနအသီးသီးမှ သင်တန်းသား၊သင်တန်းသူများ အနေနဲ့ ဌာနအတွက်ရော မိမိအတွက်ပါ အကျိုးရှိအောင်သင်တန်းမှာ ဆွေးနွေးပို့ချမဲ့ အကြောင်းအရာတွေကို အပတ်တကုတ် ကြိုးစားလေ့လာ သင်ယူကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများ၏ အိုင်စီတီ ဗဟုသုတများနဲ့ ကျွမ်းကျင်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာအောင် အားလုံး ဝိုင်းဝန်းကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသွားခဲ့ပါသည်။

  Microsoft Office Advanced Excel နှင့် Linux Foundation သင်တန်းများသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး Web Design HTML 5 and CSS 3 (Online) သင်တန်းသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။