


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Microsoft Office Advanced Excel နှင့် Linux Foundation သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၈) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုး၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၅၃) ဦး ဖြင့် ကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားခြင်း၊ သင်တန်းဆင်း အောင်လက်မှတ်များ နှင့် Microsoft Office Advanced Excel သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒေါ်ခိုင်ရတနာကျော်၊ ဒုတိယဆုရရှိသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒေါ်အိဖြူစင်၊ တတိယဆုရရှိသော ပြန်ကြားရေးဝန်ကြီးဌာနမှ ဒေါ်ရူပါနှင်းတို့အား လည်းကောင်း၊ Linux Foundation သင်တန်းတွင် ပထမဆုရရှိသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒေါ်မာလာထွေး၊ ဒုတိယဆုရရှိသော ပညာရေးဝန်ကြီးဌာနမှ ဒေါ်ကြည်ကြည်စန်း၊ တတိယဆုရရှိသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဦးစည်သူရဦး တို့အား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။