Linux Foundation သင်တန်းနှင့် Basic Networking သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း ၏ ၂၀၂၅-၂၀၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Linux Foundation သင်တန်းနှင့် Basic Networking သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် ၂၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်း အချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၄၉ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။ သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်ကိုယ်စား သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသား/သင်တန်းသူများအား ထူးချွန်ဆုများ အသီးသီးချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။