e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ဆပ်ကော်မတီ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်းဖွင့်လှစ်သည့် သင်တန်း ဖွင့်လှစ်ခြင်း


News Training Center

နေပြည်တော်ကောင်စီနယ်မြေရှိ ဌာနဆိုင်ရာရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ကွန်ပျူတာအခြေခံ၊ Windows Installation နှင့် ကွန်ပျူတာ Hardware ပြုပြင် ထိန်းသိမ်းခြင်းစသည့် ကွန်ပျူတာစွမ်းဆောင်ရည်များ မြင့်မားစေရန်ရည်ရွယ်၍ e-Government လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း နှင့် နေပြည်တော် ကောင်စီတို့ ပူးပေါင်းဖွင့်လှစ်သည့် Computer Repair and Maintenance Course သင်တန်းကို ယနေ့နေပြည်တော်၊ ရုံးအမှတ်(၂) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက် အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း သင်တန်းခန်းမတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါသင်တန်းကို နေပြည်တော်ကောင်စီနယ်မြေရှိ ဌာနဆိုင်ရာရုံး (၁၅) ခု တို့မှ သင်တန်း သား(၄၀)ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။ သင်တန်းတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ဆပ်ကော်မတီ အဖွဲ့ဝင်၊ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်ခင်ဆွေဌေးက သင်တန်း အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်ကောင်စီမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က နှုတ်ခွန်းဆက်အမှာစကားမျာ ပြောကြားခဲ့ပြီး ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ Computer Repair and Maintenance Course သင်တန်းကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းကာလ စုစုပေါင်း (၉) ရက် ဖြစ်ကြောင်း သိရှိရသည်။