Cyber Security Fundamentals နှင့် Data Analytics and Power BI သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Cyber Security Fundamentals (၀၅၀၈/၀၁/၂၄-၂၅) သင်တန်းနှင့် Data Analytics and Power BI (၀၁၀၆/၀၁/၂၄-၂၅) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို မေလ (၆) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုး၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဒီကနေ့ဖွင့်လှစ်ခဲ့သည့် Cyber Security Fundamentals သင်တန်းသည် ဆိုက်ဘာလုံခြုံရေး နည်းပညာများ၏ အခြေခံသဘောတရားများ၊ ဆိုက်ဘာခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှု နည်းပညာများ၊ ဌာန/အဖွဲ့ အစည်း၏ Infrastructure/ Network/ Data များကို ကာကွယ်သည့် နည်းပညာများ၊ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များ၊ ဆိုက်ဘာတိုက်ခိုက်ရာတွင် အသုံးပြုသည့် Tools များနှင့် ကာကွယ်သည့် Tools များ၊ Security Operation Center (SOC) အဓိက လုပ်ငန်းတာဝန်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး Data Analytics and Power BI သင်တန်းသည် ဒေတာခွဲခြမ်းစိတ်ဖြာမှု၏ အရေးပါမှုနှင့် အသုံးချမှုများကိုနားလည်ပြီး ဒေတာခွဲခြမ်းစိတ်ဖြာမှု သဘောတရားများ၊ နည်းပညာများကိုသိရှိ နိုင်ရန်နှင့် Power BI Tool ကို အသုံးပြု၍ ဒေတာခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ကာ ကောင်းမွန် တိကျမှုရှိသည့် အချက်အလက်များကို စနစ်တကျ  Visualization ဖန်တီးနိုင်ရန်၊   ရှုပ်ထွေးများပြားသော‌ ဒေတာများကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လေ့လာပြီး လုပ်ငန်းအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်များ၊ Business Plan များ ရေးဆွဲနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်က သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း အနေဖြင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၏ အိုင်စီတီနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်မှုနှင့် အသိပညာများ တိုးမြှင့်လာစေရန် သင်တန်းများ အဆက်မပြတ်ဖွင့်လှစ်ပို့ချ လေ့ကျင့်ပေးလျက်ရှိရာ ယခုကဲ့သို့ သင်တန်းမျိုး ဖွင့်လှစ်ပို့ချပေးခြင်းဖြင့် ဝန်ကြီးဌာများ၏ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်ပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်လျော့ချနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် မိမိတို့ဌာနများရှိ ရှုပ်ထွေးများပြားသည့် ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ ပိုမိုတိုးတက်ကောင်းမွန်သည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနှင့် တီထွင်ဆန်းသစ်မှုများကို ဖန်တီးလုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

Cyber Security Fundamentals နှင့် Data Analytics and Power BI သင်တန်းများသည် ၆-၅-၂၀၂၄ ရက်နေ့ မှ ၂၄-၅-၂၀၂၄ ရက်နေ့ အထိ ၃ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။