Cyber Security Fundamentals နှင့် Data Analytics and Power BI သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Cyber Security Fundamentals သင်တန်း နှင့် (ဒုတိယအကြိမ်) Data Analytics and Power BI သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ(၂၄)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုး၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၅၇) ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သင်တန်းဆင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုးမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် Cyber Security Fundamentals သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်  ပထမဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးသက်ဦး အားလည်းကောင်း၊ ဒုတိယဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဦးသန့်ဇင် အားလည်းကောင်း၊ တတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်စုစန္ဒီထွန်း အားလည်းကောင်း ထူးချွန်ဆုများ ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး Data Analytics and Power BI  သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော စွမ်းအင်ဝန်ကြီးဌာနမှ ဦးကျော်ဇေယျာဝင်း အားလည်းကောင်း၊ ဒုတိယဆုရရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒေါက်တာအေးအေးမြင့် အားလည်းကောင်း၊ တတိယဆုရရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒေါ်ကေဇင်ပွင့် အားလည်းကောင်း ဆုများ အသီးသီးပေးအပ်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။