Computer Repair and Maintenance နှင့် Project Planning and Management for Software Development သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Computer Repair and Maintenance သင်တန်းနှင့် Project Planning and Management for Software Development သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၆၁ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) က ဒီကနေ့ဖွင့်လှစ်ခဲ့သည့် Computer Repair and Maintenance သင်တန်းသည် ကွန်ပျူတာအခြေခံ၊ Windows Installation နှင့် ကွန်ပျူတာ Hardware ပြုပြင်ထိန်းသိမ်းနည်း များကို လက်တွေ့ပြုလုပ်၍ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Project Planning and Management for Software Development သင်တန်းသည် Software Project တစ်ခုကို အောင်မြင်စွာ စီစဉ်ဆောင်ရွက်နိုင်မည့် စီမံခန့်ခွဲရေးဆိုင်ရာ အခြေခံမူများ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိလေ့လာနိုင်ပြီး Software Development လုပ်ငန်းစဉ်များကို ကောင်းစွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) က သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း အနေဖြင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၏ အိုင်စီတီနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်မှုနှင့် အသိပညာများ တိုးမြှင့်လာစေရန် သင်တန်းများ အဆက်မပြတ်ဖွင့်လှစ်ပို့ချ လေ့ကျင့်ပေးလျက်ရှိရာ ယခုကဲ့သို့ သင်တန်းမျိုး ဖွင့်လှစ်ပို့ချပေးခြင်းဖြင့် ဝန်ကြီးဌာများ၏ Resources များ စီမံခန့်ခွဲခြင်းနှင့် e-Government နှင့် ပတ်သက်၍ Software များ၊ Applications များရေးသားရာတွင် ထိထိရောက်ရောက် စီမံခန့်ခွဲမှုများ ဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ပိုမိုတိုးတက်ကောင်းမွန်သည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနှင့် တီထွင်ဆန်းသစ်မှုများကို ဖန်တီးလုပ်ဆောင်သွားရန် ပူးပေါင်းပါဝင် သွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

Computer Repair and Maintenance နှင့် Project Planning and Management for Software Development သင်တန်းများသည် ၁၉-၈-၂၀၂၄ ရက်နေ့ မှ ၂၃-၈-၂၀၂၄ ရက်နေ့ အထိ ၁ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။