ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Basic Networking (၀၂၀၁/၀၁/၂၄-၂၅) သင်တန်းနှင့် Windows Server Administration-II (၀၄၀၄/၀၂/၂၄-၂၅) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၄၉ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဒီကနေ့ဖွင့်လှစ်သည့် Basic Networking သင်တန်းသည် အခြေခံကွန်ပျူတာကွန်ရက် နည်းပညာ၊ အင်တာနက် ပရိုတိုကောလ်လိပ်စာ စီမံခန့်ခွဲခြင်း (IP Address Management) ၊ LAN/WAN ကွန်ရက်များ ချိတ်ဆက်ခြင်းနှင့် အခြေခံ Switching/ Routing နည်းပညာများကို သိရှိနားလည်ပြီး ရုံးတွင်းနက်ဝက် (LAN)ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် Windows Server Administration -II သင်တန်းသည် မိမိတို့ဌာနများတွင် Windows Server Operating System ကိုအသုံးပြု၍ Advanced Feature များဖြစ်သော Active Directory Certificate Service များ၊ Windows Deployment Service များ၊ Backup and Restore ပြုလုပ်ခြင်းများနှင့် Windows Server ကို လုံခြုံစိတ်ချစွာ အသုံး ပြုနိုင်မည့် နည်းလမ်းများ စီမံ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပါသည်။
Basic Networking နှင့် Windows Server Administration -II သင်တန်းများသည် ၁၃-၁-၂၀၂၅ ရက်နေ့ မှ ၃၁-၁-၂၀၂၅ ရက်နေ့ အထိ ၃ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။
သင်တန်းကျောင်း