Basic Networking နှင့် Linux Foundation သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း ၏ ၂၀၂၅-၂၀၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Basic Networking နှင့် Linux Foundation သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းတွင် စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်း အချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေး၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နှင်းခိုင်အေး၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ နှင့် ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းဆင်းပွဲတွင် ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းအသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်  သင်တန်းသား/ သင်တန်းသူများအား ထူးချွန်ဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။