Basic Networking နှင့် Responsive Web Design using Bootstrap သင်တန်းဆင်းပွဲအခမ်းအနား


Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Basic Networking နှင့် Responsive Web Design using Bootstrap သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၂၁) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန  အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၅၁) ဦး  တက်ရောက်ခဲ့ပါသည်။

ထို့နောက် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသား/သင်တန်းသူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင်တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကျောင်းအုပ်မှ သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ ) Basic Networking သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ဦးနေလင်းဦး၊ ဒုတိယဆုရရှိသော အမျိုးသားလွှတ်တော်ရုံးမှ ဒေါ်သင်းဘရဏီဝင်း၊ တတိယဆုရရှိသော အလုပ်သမားဝန်ကြီးဌာနမှ ဒေါ်ဆုသိင်္ဂီမြင့်‌ဌေးတို့အားလည်းကောင်း၊  Responsive Web Design using Bootstrap သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဒေါ်နှစ်နှစ်ဆန်း၊ ဒုတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်အေးအေးအောင်၊ တတိယဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဦးကျော်လင်းအောင် တို့အားလည်းကောင်း၊  ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။