AI Governance and Digital Ethic သင်တန်းနှင့်  IT Service Management သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း AI Governance and Digital Ethic သင်တန်းနှင့် IT Service Management သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၅၃ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) က Artificial Intelligence (AI)   AI နည်းပညာ ကို စီးပွားရေး၊ လူမှုဘဝနှင့် နည်းပညာဖွံ့ဖြိုးမှုအတွက် အကောင်အထည်ဖော်နေပြီး AI အသုံးချမှုများတွင် အောင်မြင်မှုများကိုလည်း တွေ့ရှိနေရပြီ ဖြစ်ကြောင်း နှင့် အစိုးရလုပ်ငန်း ဆောင်တာများတွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် AI Governance and Digital Ethic သင်တန်းအား ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတကာတွင်အသုံးပြု​နေတဲ့ IT Service Management Framework များ၏ အဓိကအ​ရေးပါသည့် ITIL Process များအကြောင်း၊ Best Practices များအကြောင်းကို သိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် People ၊ Process ၊ Partner နှင့် ပတ်သတ်​သည့် လုပ်ငန်းစဉ်များကို ​လေ့လာနိုင်ရန်အတွက်  IT Service Management သင်တန်းအား ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

AI Governance and Digital Ethic သင်တန်းနှင့် IT Service Management သင်တန်းများသည် ၂-၁၂-၂၀၂၄ ရက်နေ့မှ ၆-၁၂-၂၀၂၄ ရက်နေ့အထိ ၁ ပတ်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။