


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Advanced Networking II (၀၂၀၇/၀၁/၂၄-၂၅) သင်တန်း နှင့် VMware vSphere Administration (၀၄၀၅/၀၂/၂၄-၂၅) သင်တန်းများ၏ သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၁၃)ရက်နေ့ ညနေပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမ များ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၄၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာ ယခုဖွင့်လှစ်ခဲသော သင်တန်းများသည် ဌာနတိုင်း၏ e-Government ကဏ္ဍနှင့် Digital Transformation အတွက် အထောက်အကူပြု သင်တန်းများဖြစ်ပြီး Myanmar e-Governance Master Plan တွင် ပါဝင်သည့် သတင်းအချက်အလက်၊ ဆက်သွယ်ရေး၊ နည်းပညာ ကျွမ်းကျင်သော ဝန်ထမ်းများ ရရှိနိုင်မှုနှင့် ပြည့်စုံမှု တို့အတွက် အထောက်အပံ့ ပေးနိုင်ရန် စီစဥ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဒီဂျစ်တယ်နည်းပညာခေတ်တွင် ICT အဆင့်မြင့်နည်းပညာများသည် လူတိုင်း အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများ ဖြစ်လာပြီး အမြဲတမ်း လေ့လာ သင်ယူသွားရင်း မိမိတို့အတွက် လိုအပ်သည့် ကျွမ်းကျင်မှုတွေကို ဖြည့်ဆည်း သွားကြဖို့လည်း သင်တန်းသား/ သင်တန်းသူများ အား မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းအသီးသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသား/ သင်တန်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင်ခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။