


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Advanced Networking I နှင့် Linux System Administration I သင်တန်း၊ (ဒုတိယအကြိမ်) Microsoft Office Excel (Online) သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၅)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၇၉) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင်တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအား ဦးစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ခြင်း၊ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် Advanced Networking I သင်တန်းတွင် ပထမဆုရရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်တိုးဇွန်မေ၊ ဒုတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်ရှယ်လီစိုးသန်း၊ တတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဦးတင်အောင်ချစ် တို့အားလည်းကောင်း၊ Linux System Administration I သင်တန်းတွင် ပထမဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒေါ်ဆွေဇင်ဦး၊ ဒုတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒေါ်နန်းမြင့်ဆွေ၊ တတိယဆုရရှိသော အမျိုးသားလွှတ်တော်ရုံးမှ ဒေါ်ရည်ရည်သိမ့်တို့အား လည်းကောင်း၊ Microsoft Office Excel (Online) သင်တန်းတွင် ပထမဆုရရှိသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒေါ်နှင်းနန္ဒာစိုး၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနမှ ဒေါ်လွင်ပိုးသူ၊ တတိယဆုရရှိသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒေါ်နှင်းနိုင်မော် တို့အား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။