


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Advanced Excel (Online) သင်တန်း၊ Advanced Networking – I သင်တန်းနှင့် Windows Server Administration -I သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်နှင်းခိုင်အေးနှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၇၉ ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။
Advanced Excel (Online) သင်တန်းသည် Microsoft Excel အား စာရင်းဇယားဆွဲသည့် Program တစ်ခုအဖြစ်မှ ဒေတာများ ခွဲခြမ်းစိတ်ဖြာသည့် Powerful Tool တစ်ခုအဖြစ် အသုံးချတတ်ရန် ရည်ရွယ်ကြောင်းသိရှိရပါသည်။ သင်တန်းတွင် Advanced Formulas နှင့် Functions များကို အသုံးချ၍ မိမိတို့ဌာန၏ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း (Data Analysis) နှင့် အစီရင်ခံစာများ တင်ပြခြင်း (Reporting) လုပ်ငန်းစဉ်များကို ထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Advanced Networking – I သင်တန်းသည် Enterprise Level Network Architecture ကို သိရှိ နားလည်နိုင်စေရန်၊ Switching နှင့် Routing နည်းပညာများကို လေ့လာပြီး Physical Devices များနှင့် ကျွမ်းကျင်စွာ ချိတ်ဆက်လုပ်ဆောင်နိုင်စေရန်၊ မိမိတို့ အဖွဲ့အစည်းအတွင်းရှိ ဒေတာစင်တာကွန်ရက်များ၏ Network Performance ကောင်းမွန်စေရန်နှင့် ကွန်ရက်လုံခြုံရေးတို့ကို စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Windows Server Administration – I သင်တန်း သည် Windows Server 2019 Operating System ကို အသုံးပြုပြီး Application Server များ တည်ဆောက်ခြင်း၊ Active Directory Domain Service ဖြင့် User များကို စီမံခန့်ခွဲခြင်းနှင့် Group Policies များ သတ်မှတ်ထိန်းချုပ်ခြင်း စသည်တို့ကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဝန်ကြီးဌာနများ၏ Web Portal System များကို ကိုယ်တိုင်ထိန်းသိမ်း စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ Advanced Excel (Online) သင်တန်း၊ Advanced Networking – I သင်တန်းနှင့် Windows Server Administration -I သင်တန်းများသည် ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
