ပထမအကြိမ် Advanced Excel Course နှင့် Advanced Networking Course 1 သင်တန်းများ၏ ဆင်းပွဲအခမ်းအနား


Ministry News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Advanced Excel Course သင်တန်းနှင့် (ပထမအကြိမ်) Advanced Networking Course 1 သင်တန်းများဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ (၂၃) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသား (၅၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
      ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ သင်ကြားပေးလိုက်သော ဘာသာရပ်များသည် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန် စီမံရေးဆွဲထားခြင်း ဖြစ်သည့်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် ဌာနအဖွဲ့အစည်းများ တွင် လက်တွေ့ပြန်လည် အသုံးချနိုင်စေမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် နည်းပညာ လျင်မြန်တိုးတက်လာသည့် ယနေ့ခေတ်လိုမျိုးတွင် နိုင်ငံအနေဖြင့်ဖြစ်စေ၊ အခြားအဖွဲ့အစည်းများဖြင့်ဖြစ်စေ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် သာမာန်အဆင့် ကွန်ပျူတာသုံးတတ်ရုံဖြင့် မလုံလောက်ဘဲ အိုင်စီတီကို အသုံးချ၍ စွမ်းဆောင်ရည်ပြည့်ဝသော၊ ဖန်တီးနိုင်စွမ်းရှိသော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ကြိုးစားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
      သင်တန်းမှရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတများကို မိမိဌာနတွင် ထပ်ဆင့်ပြန်လည်မျှဝေကြရန်၊ သက်ဆိုင်ရာ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြရန်နှင့် အိုင်စီတီဗဟုသုတများ တိုးတက်အောင် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
      ယင်းနောက် Advanced Excel Course သင်တန်းတွင် ပထမဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်စုမြတ်လှိုင်အား၄င်း၊ ဒုတိယဆုရရှိသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒေါ်ထက်ထက်အောင်အား၄င်း၊ တတိယဆုရရှိသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒေါ်ရွှေရည်မြင့်မောင်တို့အား၄င်း ညွှန်ကြားရေးမှူးချုပ်မှ ဆုများချီးမြှင့်ပေးခဲ့သည်။ ဆက်လက်ပြီး Advanced Networking Course 1 သင်တန်းတွင် ပထမဆုရရှိသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးရဲလင်းထက်အား၎င်း၊ ဒုတိယဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးအောင်ကိုကို နှင့် တတိယဆုရရှိသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးအောင်ဖြိုး တို့အား သင်တန်းကျောင်းကျောင်းအုပ်မှ အသီးသီးဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။