Cybersecurity Awareness and Secure Use of EDMS Training သင်တန်းဖွင့်လှစ်ပို့ချခြင်း


News Training Center

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ Cybersecurity Awareness and Secure Use of EDMS Training သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ရာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်းမှ နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ယခုသင်တန်းသည် Electronic Document Management System – EDMS စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် အသုံးပြုနိုင်ရေးနှင့် သတင်းအချက်အလက်လုံခြုံရေးအတွက် EDMS အသုံးပြုရာတွင် Cybersecurity အသိအမြင် ဗဟုသုတများ ရရှိစေရန် ပထမဆုံးအကြိမ် ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဆိုပါ သင်တန်းအား ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းကို ပို့ဆောင်ရေးဝန်ကြီးဌာနမှ သင်တန်းသား ၂၂ ဦးနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သင်တန်းသား ၃၂ ဦး၊ စုစုပေါင်း သင်တန်းသား  ၅၄  ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၃ ရက်ကြာ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရှိရပါသည်။