Digital Transformation Playbook: From Strategy to Execution (Online) သင်တန်း ဖွင့်လှစ်ပို့ချခြင်း


News Training Center

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းနှင့် အာရှ-ပစိဖိတ်ကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (အေပီတီ) တို့ ပူးပေါင်း၍  Capacity Building Program ဖြင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိပါသည်။

          ၂၀၂၆-၂၀၂၇ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Capacity Building Program အရ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းနှင့် Sri Lanka Telecom PLC တို့ ပူးပေါင်း၍ Digital Transformation Playbook: From Strategy to Execution (Online) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ e-Learning သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ‌ဦးဆန်းဝင်းထွန်း ၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် တကွ သင်တန်းဆရာ/ဆရာမများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ CIO/ACIO သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၃၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Digital Transformation Playbook: From Strategy to Execution (Online) သင်တန်းသည် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကို မဟာဗျူဟာရေးဆွဲခြင်းမှစ၍ လက်တွေ့အကောင်အထည်ဖော်ခြင်းအထိ လိုအပ်သော အခြေခံသဘောတရားများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များနှင့် လက်တွေ့အသုံးချနည်းလမ်းများကို ဆွေးနွေးပို့ချပေးသည့် သင်တန်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများမှ CIO/ACIO များနှင့် e-Government စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် အရာထမ်းများအား e-Government နှင့် သတင်းအချက်အလက်လုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ CIO Development သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရပါသည်။

Digital Transformation Playbook: From Strategy to Execution (Online) သင်တန်းသည် ၂၂-၆-၂၀၂၆ ရက်နေ့မှ ၂၄-၆-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရှိရပါသည်။