


ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးသင်တန်းကျောင်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း AI-Powered Personal Growth နှင့် Online Security Awareness သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ နှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၆၁ ဦး တက်ရောက်ကြသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က ဖွင့်လှစ်ပို့ချသည့် သင်တန်းများသည် ယနေ့ခေတ်တွင် ခေတ်စားနေသော Artificial Intelligence (AI) နှင့် ပတ်သက်သည့် Tools များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ AI နည်းပညာ၏ အခြေခံသဘောတရားများ၊ နေ့စဥ်ဘဝတွင် AI Tools အသုံးပြုနည်းများ၊ AI Tools များ၏ အင်္ဂါရပ်များနှင့် အဖွဲ့အစည်းများတွင် လက်တွေ့ အသုံးချနိုင်မယ့် နည်းလမ်းများ၊ အင်တာနက်အသုံးပြုသူတိုင်း ကြုံတွေ့ရလေ့ရှိသော အန္တရာယ်များကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်းအန္တရာယ်များနှင့် တွေ့ကြုံလာပါက ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အင်တာနက်အသုံးပြုရာတွင် သိသင့်သိထိုက်သည့် အသိပညာများကို သင်တန်းမှ ရရှိမည်ဖြစ်သဖြင့် သင်ကြားပေးသော အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံများကို စိတ်ပါဝင်စားစွာ သင်ယူမှတ်သား လေ့လာသွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
AI-Powered Personal Growth နှင့် Online Security Awareness သင်တန်းများသည် ရက်သတ္တပတ် ၁ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
