မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ရှန့်ကျန်းမြို့၌ Transforming Intelligence: Sharing Practical Experiences and Establishing Observational Framework ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဒုတိယအကြိမ် အာရှဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဖိုရမ် (2nd Forum on Asian Development) သို့ တက်ရောက် ခဲ့ကြပါသည်။ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ရှန့်ကျန်းမြိုရှိ The Institute for International Affairs ၊ Qianhai (IIA) တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ၁၀:၀၀ နာရီ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် IIA ၏ ဥက္ကဋ္ဌ ဖြစ်သူ Professor Zheng Yongnian မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနား
အဆိုပါ ဖိုရမ်ကို Centre for International Studies on Development and Governance ၊ Zhejiang & Zhejiang University (CiSDG) ၊ Research Center for Regional Coordinated Development of Zhejiang University (RCRCD) နှင့် Institute for International Affairs at Qianhai (IIA) တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပါသည်။ ဖိုရမ်တွင် ဆန်းသစ်တီထွင်မှုအပေါ် လက်တွေ့ကျင့်သုံးနေမှု (Innovative Practices)၊ အဓိကနယ်စပ် ဖြတ်ကျော်မည့်ကိစ္စရပ်များ (Major Cross-national Issues)၊ စူးစမ်းလေ့လာမှုမူဘောင် (Framework for the Observational Studies) ဟူ၍ အဓိကအပိုင်းသုံးပိုင်းခွဲ၍ တက်ရောက်လာ ကြသည့် တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ အဆင့်မြင့်အရာရှိများ၊ နည်းပညာလုပ်ငန်းကဏ္ဍတွင် စတင်လုပ်ကိုင်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များက ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံကိုယ်စားလှယ်မှဆွေးနွေးတင်ပြခြင်း

စုပေါင်းဓာတ်ပုံရိုက်ကူးခြင်း
ဖိုရမ်ပထမပိုင်းတွင် ဆန်းသစ်တီထွင်မှုအပေါ် လက်တွေ့ကျင့်သုံးနေမှု (Innovative Practices) ခေါင်းစဉ်အောက်၌ မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမီမီ က မြန်မာနိုင်ငံသည် ဒစ်ဂျစ်တယ်လမ်းပြမြေပုံမှတစ်ဆင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ဝန်ဆောင်မှု ထိရောက်တိုးတက်စေရန် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ဒစ်ဂျစ်တယ်အီလက်ထရောနစ် ငွေပေးချေမှု ဝန်ဆောင်မှုများ တိုးပွားစေရန်အတွက် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဒစ်ဂျစ်တယ်အစိုးရ၊ လုံခြုံရေးနှင့်ဒစ်ဂျစ်တယ်စွမ်းရည် တည်ဆောက်မှုကို အလေးထား ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိခဲ့ရပါသည်။
သင်တန်းကျောင်း
