Linux Foundation နှင့် Microsoft Office Excel 2019 (Online) သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနား


Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Linux Foundation (၀၄၀၁/၀၂/၂၄-၂၅) သင်တန်း  နှင့် Microsoft Office Excel 2019 (Online) (၀၁၀၃/၀၂/၂၄-၂၅) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ E-Learning စာသင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် ဆရာ/ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ်က ဒီကနေ့ဖွင့်လှစ်ခဲ့သည့် Linux Foundation သင်တန်းသည် Linux Operating System ၏ အဓိက အားသာချက်ဖြစ်သည့် Open Source အကြောင်း နှင့် Linux File System များတည်ဆောက်ထားပုံကို သိရှိနိုင်စေရန်အတွက် Linux Command များ ၊ Linux File System များ၊ Linux Server များကို အခြေခံအဆင့် ကိုင်တွယ်အသုံးပြုနိုင်သည်အထိ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Online မှတစ်ဆင့် ပို့ချပေးသွားမည့် Microsoft Office Excel 2019 သင်တန်းသည် ရုံးဌာန၊ အဖွဲ့အစည်းများအတွက် အခြေခံ IT အသုံးချ ရုံးလုပ်ငန်း စနစ်ကို မြှင့်တင်ပေးနိုင်ရန် Microsoft Office Excel အခြေခံ အကြောင်းအရာများကို သိရှိနိုင်ပြီး စာရင်းဇယားများ တွက်ချက်ခြင်း၊ စိစစ်ခြင်း၊ Worksheet တစ်ခုနှင့်တစ်ခု ချိတ်ဆက်အသုံးပြုခြင်း၊ အစီရင်ခံစာများတွင် Chart ၊ Graphic ရေးဆွဲခြင်း နှင့် Password Security သတ်မှတ်အသုံးပြုခြင်းတို့ကို လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း

Linux Foundation နှင့် Microsoft Office Excel 2019 (Online) သင်တန်းများသည်       ၂၁-၁၀-၂၀၂၄ ရက်နေ့မှ ၈-၁၁-၂၀၂၄ ရက်နေ့အထိ သင်တန်းကာလ ၃ ပတ်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။

သင်တန်းကျောင်း