ဒုတိယအကြိမ် Linux Foundation နှင့် Windows Server Administration Course -1 သင်တန်းဖွင့်ပွဲအခမ်းအနား


News Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း တတိယအကြိမ်ဖွင့်လှစ်သော Linux Foundation သင်တန်း နှင့် ဒုတိယအကြိမ်ဖွင့်လှစ်သော Windows Server Administration Course – 1 သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြု ဌာနတာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ (၅၁)ဦး တို့ တက်ရောက်ခဲ့ပါသည်။
      ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က Linux Foundation Course နှင့် Windows Server Administration Course သင်တန်းများသည် e-Governmnet စနစ် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်စေသော သင်တန်းများ ဖြစ်ကြောင်း၊ ပထမသင်တန်းဖြစ်သော Linux Foundation Course သင်တန်းသည် Linux Operation System နှင့် Open Source အကြောင်းသိရှိနိုင်ပြီး Linux Server အခြေခံအဆင့်အသုံးပြုနိုင်သည်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ Open Source စနစ်သည် အသုံးစရိတ်နည်းနည်းဖြင့် Performance ကောင်းအောင်ဖန်တီးနိုင်သဖြင့် e-Government လုပ်ငန်းများတွင် Open Source အသုံးပြုနိုင်အောင် ဆောင်ရွက်သွားလျှင် ရေရှည်အတွက် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
      ဒုတိယသင်တန်းဖြစ်သော Windows Server Administration Course -1 သင်တန်းသည် ဌာနအတွင်း Server Administration လုပ်ငန်းများကျွမ်းကျွမ်းကျင်ကျင် ပြန်လည်လုပ်ကိုင်နိုင်သည် အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း Windows Server 2016 Operating System ကို အသုံးပြုပြီး Windows Server OS တစ်ခုတည်ဆောက်ခြင်း၊ Application Server တွေဖြစ်တဲ့ DNS Server ၊ DHCP Server နှင့် Web Server များ တည်ဆောက်ခြင်း၊ Configuration ပြုလုပ်ခြင်း တွေကို စာတွေ့လက်တွေ့ သင်ကြားပို့ချမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
      Linux Foundation Course နှင့် Windows Server Administration Course -1 သင်တန်းများ၏ သင်တန်းကာလမှာ ရက်သတ္တပတ် (၃)ပတ် ကြာဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရပါသည်။