ဒုတိယအကြိမ် Advanced Excel Course သင်တန်းဖွင့်ပွဲအခမ်းအနား


Ministry News

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ (ဒုတိယအကြိမ်) Advanced Excel Course သင်တန်းဖွင့်ပွဲကို မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၂) နေပြည်တော်ရှိ e-Learning Center သင်တန်းခန်းမတွင် Online စနစ်ဖြင့် ကျင်းပရာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ သင်တန်းဆရာများ၊ သင်တန်းဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးဌာန/အစိုးရအဖွဲ့အစည်း (၂၁) ခုမှ သင်တန်းသား (၂၇) ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။ ရှေးဦးစွာ သင်တန်းကျောင်းကျောင်းအုပ်က မိမိတို့ဌာနအသီးသီးတွင် ရှုပ်ထွေးသည့် ဒေတာပမာဏများစွာကိုအသုံးပြု၍ ဘတ်ဂျက်တွက်ချက်နိုင်စေရန် ၊ အစီရင်ခံစာများ ပြင်ဆင်ရာတွင် Chart, Graphic များဖြင့်ဖော်ပြနိုင်စေရန်၊ တူညီသောလုပ်ငန်းစဉ်များအတွက် Macro အသုံးပြု၍ တစ်ကြိမ်သာ ပြင်ဆင်ရုံဖြင့် ကြိမ်ဖန်များစွာအသုံးပြုနိုင်စေရန်၊ Excel အား သာမန် စာရင်းဇယားဆွဲသော Program တခုမှ Dynamic ဖြစ်ပြီး Powerful Analytics Tool တခုအဖြစ် အသုံးချတတ်စေရန် နှင့် Data Analyzer/ Developer တစ်ဦးအဖြစ် ကျွမ်းကျင်စွာ တတ်မြောက်စွမ်းဆောင်နိုင်မည့် နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သင်တန်းသား/သင်တန်းသူများ ကလည်း သင်ကြားပို့ချသည့် ဘာသာရပ်ကို မိမိဌာနအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်ရန်နှင့် မိမိတို့၏အိုင်စီတီကျွမ်းကျင်မှု အရည်အချင်းများ တိုးတက်စေရန် တက်တက်ကြွကြွ လေ့လာသင်ယူ ကြိုးစားကြစေ လိုကြောင်း တိုက်တွန်းအမှာစကား ပြောကြားခဲ့ပါသည်။ Advanced Excel Course သင်တန်းကာလမှာ (၁၄.၃.၂၀၂၂) ရက်နေ့မှ (၂၅.၃.၂၀၂၂) ရက်နေ့အထိ ဖြစ်ပြီး သင်တန်းတွင် Zoom Application ဖြင့် Online သင်ကြားရေးစနစ် အသုံးပြု၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနများ နှင့်အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။