


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွင်း Network Security သင်တန်း၊ Windows Server Administration I Course နှင့် Microsoft Office Word 2019 သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ(၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၇၉) ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် Network Security သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဒေါ်ညိုမီခိုင် အားလည်းကောင်း၊ ဒုတိယဆုရရှိသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးမင်းသက်ထွန်း အားလည်းကောင်း၊ တတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်သူဇာခိုင် အားလည်းကောင်း ထူးချွန်ဆုများ ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး Windows Server Administration I သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဒေါ်သီတာအေး အားလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဦးကောင်းထက် အားလည်းကောင်း၊ တတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးကျော်ဇင်လတ် အားလည်းကောင်း ဆုများ အသီးသီးပေးအပ်ခဲ့ပါသည်။ Microsoft Office Word 2019 (Online) သင်တန်းတွင် ပထမဆုရရှိသော အမျိုးသားလွှတ်တော်ရုံးမှ ဒေါ်ပိုးဟေမာန်စိုးရည်၊ ဒုတိယဆုရရှိသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဒေါ်သူဇာမျိုးအောင်၊ တတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်ဖြူဖြူဆန်း တို့အား Online မှ တဆင့်ဆုများအသီးသီးကြေညာကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။