


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) The Future CIO Leader သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ (၂၀)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမိုးကျော်စိုးနှင့်တကွ၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ CIO/ACIO သင်တန်းသားများ စုစုပေါင်း (၃၃)ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမျိုးဆွေမှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်က လျင်မြန်စွာ အမြဲပြောင်းလဲနေသည့် နည်းပညာများနှင့်အတူ ဒစ်ဂျစ်တယ်ခေါင်းဆောင်မှုအပိုင်းသည် ကဏ္ဍတိုင်းတွင် အရေးကြီးကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာကို အကျိုးရှိရှိအသုံးချပြီး နယ်ပယ်အသီးသီးတွင် ဒီဂျစ်တယ်အသွင် ဟန်ချက်ညီညီ ကူးပြောင်းဆောင်ရွက်ကြရာတွင် နိုင်ငံအတွက် ဒစ်ဂျစ်တယ်ယန္တရားကို ပဲ့ကိုင်မောင်းနှင်ပေးနိုင်မည့်သူများစွာ လိုအပ်ပါကြောင်း၊ CIO များ အနေဖြင့် ဆန်းသစ်တီထွင်မှုကို တွန်းအားပေးရန်၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် နည်းပညာ၏ တိုးတက်ပြောင်းလဲနေမှုကို အသုံးချတတ်နိုင်ရန် တာဝန်ရှိပါကြောင်းနှင့် နည်းပညာဆိုင်ရာ အသိပညာ၊ စီးပွားရေးအမြင် ထက်မြက်မှု၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် ဗျူဟာမြောက် အမြင်ရှိမှုတို့ ပေါင်းစပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပြီး၊ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဉီးမှ သင်တန်းနှင့်ပတ်သက်၍ သုံးသပ် အကြုံပြုချက်များ ပြောကြားကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။