အိန္ဒိယနိုင်ငံ၏ ထိပ်တန်း Food Delivery Platform တစ်ခုဖြစ်သည့် Swiggy သည် ၎င်း၏ သုံးစွဲသူများထံ ပေးပို့သော အစားအစာ၏ ဘေးကင်းမှုနှင့် အရည်အသွေးကို သေချာစေရန် သိသာထင်ရှားသော ခြေလှမ်းတစ်ခုဖြစ်သည့် Swiggy Seal ကို စတင်မိတ်ဆက်လိုက်ပါသည်။ ကုမ္ပဏီသည် တစ်ကိုယ်ရေသန့်ရှင်းမှု စံနှုန်းများမြှင့်တင်ရန်၊ စားသောက်ဆိုင်များနှင့် စားသုံးသူ များအကြား ယုံကြည်စိတ်ချမှု တည်ဆောက်ရန် ရည်ရွယ်ထားသော အစီအစဉ် တစ်ခုဖြစ်သည့် Swiggy Seal ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် မိတ်ဆက်ပေးခဲ့ပါသည် ။
Swiggy Seal ဆိုတာဘာလဲ
Swiggy Seal သည် မြင့်မားသော တစ်ကိုယ်ရေသန့်ရှင်းမှု စံနှုန်းများကို တစ်သမတ်တည်း ထိန်းသိမ်းထားသည့် ပလက်ဖောင်းပေါ်ရှိ စားသောက်ဆိုင်များကို အသိအမှတ်ပြုသည့် Certification Program တစ်ခုဖြစ်သည်။ ၎င်းသည် Food Safety and Standards Authority of India-FSSAI အသိအမှတ်ပြု အေဂျင်စီများမှ ပြုလုပ်သော သုံးစွဲသူများ၏ Feedback နှင့် တင်းကျပ်သောစစ်ဆေးမှုများအပေါ် အခြေခံထားသည့် Certification Program ဖြစ်ပါသည်။ Swiggy Seal အတွက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော စားသောက်ဆိုင်များကို ၎င်းတို့၏ မီနူးစာမျက်နှာတွင် ဖော်ပြနိုင်သည့် တံဆိပ်တစ်ခုကို ချီးမြှင့်ပါသည်။ Swiggy သည် စားသောက်ဆိုင်များ၏ ထိပ်တန်း တစ်ကိုယ်ရေသန့်ရှင်းမှု စံနှုန်းများကို ထိန်းသိမ်းရန် အထောက်အကူဖြစ်သော ဝန်ဆောင်မှုများစွာ ပါဝင်စေရန် ၎င်း၏ ဂေဟစနစ်ကို တိုးချဲ့လျက်ရှိသည်။ Swiggy Owner အက်ပ်မှတစ်ဆင့် သန့်ရှင်းရေးနှင့် ပိုးမွှားထိန်းချုပ်ရေး ဝန်ဆောင်မှုများလည်း ပါဝင်သည်။ စားသောက်ဆိုင်ပိုင်ရှင်များနှင့် ၎င်းတို့၏ဝန်ထမ်းများအတွက် တစ်ကိုယ်ရေသန့်ရှင်းမှု၏ အရေးကြီးမှုကို အလေးပေးရန်အတွက် အဆိုပါပလက်ဖောင်းတွင် လေ့ကျင့်ရေးအစီအစဉ်များကို လက်ခံကျင်းပပေးသည်။
Ref: https://etedge-insights.com/technology/innovation/swiggy-seal-know-what-this-badge-means-and-choose-the-best-restaurants/
ဘာသာပြန်ဆိုသူ – စနိုးဧကရီ