


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Open Data and Data Analytics နှင့် Develop an IT Strategic Plan သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမိုးကျော်စိုးနှင့်တကွ၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ CIO/ACIO သင်တန်းသားများ စုစုပေါင်း (၅၇)ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်သူ့ဒစ်ဂျစ်တယ်ဝန်းကျင်တစ်ခု ဖန်တီးရာမှာ ပြည်သူများအားလုံး (မြို့ပြနှင့် ကျေးလက်) မကျန် သတင်းအချက်အလက်များ အလွယ်တကူ သိရှိရယူ အသုံးပြုနိုင်ရန်အတွက် အစိုးရမှ စုဆောင်းပြုစုပေးထားသော စာရင်းအင်းဆိုင်ရာ အချက်အလက် Datasets ၊ Data files များကို Open Data Portal များမှတဆင့် ဖန်တီးဆောင်ရွက်လာကြောင်း၊ Open Data သည် Digital Economy ကို ပိုမိုလွယ်ကူချောမွေ့အောင် ပံ့ပိုးပေးနိုင်သည့် Tool တစ်ခုဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်သာမက ဒစ်ဂျစ်တယ်ကွာဟမှုကိုပါ ကျဉ်းမြောင်းလာစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရဌာနများအနေနဲ့ ထိုသို့ သတင်းအချက်အလက်များ မျှဝေဆောင်ရွက်ရာမှာ မဟာဗျူဟာ၊ နည်းဗျူဟာများ၊ နည်းပညာနှင့် မူဝါဒများ၊ နည်းစနစ်များ၊ သတ်မှတ်ချက်များကို ချမှတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန်မှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပြီး၊ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဉီးမှ သင်တန်းနှင့်ပတ်သက်၍ သုံးသပ် အကြုံပြုချက်များ ပြောကြားကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။