


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း၊ ဒုတိယအကြိမ် Online Security Awareness (Online) သင်တန်းနှင့် Microsoft PowerPoint 2019 (Online) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စာသင်ခန်းမ ၁ တွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်နှင်းခိုင်အေးနှင့်တကွ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန များမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၇၀ ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။
Online Security Awareness (Online) သင်တန်းသည် အင်တာနက်အသုံးပြုသူတိုင်း ကြုံတွေ့လေ့ရှိသော အန္တရာယ်များနှင့် အွန်လိုင်းရာဇဝတ်မှု အန္တရာယ်များကို ခွဲခြားလေ့လာနိုင်ရန်၊ ထိုအန္တရာယ် များနှင့်တွေ့ကြုံရပါက ဖြေရှင်း ဆောင်ရွက်ရမည့် နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးနိုင်ရန် စသည့် အင်တာနက် အသုံးပြုရာတွင် သိသင့်သိထိုက်သည့် အသိပညာများ သိရှိနားလည်၍ ပြန်လည်အသုံးချနိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Microsoft PowerPoint 2019 (Online) သင်တန်းသည် ဒေတာ၊ အချက်အလက်များကို ရုပ်ပုံများ၊ Illustrations များ၊ Interactive Features များ၊ Animation များ၊ Multimedia Elements များ ဖန်တီးပြီး ရှင်းလင်း တင်ပြနိုင်မည့် အမြင်အာရုံဆွဲဆောင်မှုရှိသော Presentation Slide များကို ကျွမ်းကျင်စွာ လုပ်ဆောင် နိုင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။ Online Security Awareness (Online) သင်တန်းနှင့် Microsoft PowerPoint 2019 (Online) သင်တန်းများသည် ရက်သတ္တပတ် ၁ ပတ် ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။