


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office Advanced Excel နှင့် Linux Foundation သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၁၀) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၅၀) ဦး ဖြင့် ကျင်းပခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားခြင်း၊ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင်တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအား ရှင်းလင်း ပြောကြားခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့သည်။ ဆက်လက်ပြီး Microsoft Office Advanced Excel သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဒေါ်ခိုင်ယဉ်မွန်၊ ဒုတိယဆုရရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒေါ်ထက်ထက်အောင်၊ တတိယဆုရရှိသော အလုပ်သမား၀န်ကြီးဌာနမှ ဦးစိုးညီညီ တို့အားလည်းကောင်း၊ Linux Foundation သင်တန်းတွင် ပထမဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်မွန်ဇာခိုင်၊ ဒုတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးမင်းခန့်ထွေး၊ တတိယဆုရရှိသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒေါ်ဆုရည်ထွေး တို့အား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။