Facebook၊ Instagram နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီဖြစ်သော Meta သည် လူအချင်းချင်း အပြန်အလှန် ဆက်သွယ်မှုပုံစံတို့ကို ပြောင်းလဲပေးနိုင်သည့် နည်းပညာဆန်းသစ်မှုများကို ဖန်တီးခြင်းနှင့် နည်းပညာနယ်ပယ်အသစ်များကို လွှမ်းမိုးမှုကြောင့် လူသိများလာခဲ့သည်။ Ray-Ban နှင့် ပူးပေါင်းဖန်တီးထားသည့် ၎င်း၏ နောက်ဆုံးပေါ်မျက်မှန်တစ်စုံနှင့်အတူ ကုမ္ပဏီသည် နေ့စဥ်ဘဝတွင် ဉာဏ်ရည်တု (Artificial Intelligent) ဖြင့် စစ်မှန်သော ထပ်လောင်းပုံရိပ်များကို ဖန်တီးရန် ရည်မှန်းထားသည်။ အဆိုပါ မျက်မှန်များသည် ပတ်ဝန်းကျင်မှ ပုံဒေတာများကို အသုံးပြု၍ အချက်အလက် သို့မဟုတ် အကြံပြုချက်များကို အသုံးပြုသူထံ ပေးပို့နိုင်ပါသည်။


Meta ၏ မကြာသေးမီက ကြေညာချက်အရ “Orion” ဟု အမည်ပေးထားသော Augmented Reality (AR) မျက်မှန်များသည် နည်းပညာနယ်ပယ်အတွင်း တုန်လှုပ်မှုများကို ဖြစ်စေခဲ့ပါသည်။ ဤမျက်မှန် များသည် Wearable Technology တွင် သိသာထင်ရှားသော ခြေလှမ်းသစ်တစ်ခုကို ကိုယ်စားပြုပါသည်။ အလားအလာကောင်းများ ဖြစ်စေသောကြောင့် လူအများက စိတ်လှုပ်ရှား နေကြသော်လည်း ဤမျက်မှန်များသည် စမတ်ဖုန်းများကို အစားထိုးနိုင်သလား ဆိုသည့် မေးခွန်းများ ထွက်ရှိလာပါသည်။
ဤ နည်းပညာသတင်းတွင် ကျွန်ုပ်တို့သည် AR မျက်မှန်များအတွက် Meta ၏ အမြင်၊ နောက်ကွယ်မှ နည်းပညာနှင့် Orion သည် စက်ပစ္စည်းအဖြစ် စမတ်ဖုန်းကို ဖြုတ်ချရန် လိုအပ်သည်များကို စူးစမ်းလေ့လာ သွားမှာ ဖြစ်ပါသည်။
Meta ၏ ကြီးမားသော မျှော်မှန်းချက် – စမတ်ဖုန်းမှသည် AR Glasses ဆီသို့
လွန်ခဲ့သော ၅ နှစ်က Meta (ထိုအချိန်က Facebook) သည် နည်းပညာနှင့် တုံ့ပြန်မှုကို ပြောင်းလဲနိုင်သည့် AR မျက်မှန်ကို ဖန်တီးရန် ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ခဲ့ပါသည်။ ကုမ္ပဏီ၏ အဓိကရည်ရွယ်ချက်မှာ သုံးစွဲသူများကို လက်တွေ့ကမ္ဘာမှ မဆွဲထုတ်ဘဲ စမတ်ဖုန်းတစ်လုံး၏ အဆင်ပြေမှုနှင့် အသုံးဝင်မှုကို ပေးဆောင်နိုင်သည့် ကိရိယာကို တီထွင်ရန် ဖြစ်ပါသည်။ ယနေ့တွင် Meta သည် လူသားနှင့် ကွန်ပျူတာ အပြန်အလှန်ဆက်သွယ်မှုကို ထပ်လောင်း သတ်မှတ်ပေးမည်ဟု ယုံကြည်သည့် Orion ကို ထုတ်ဖော်ပြသခဲ့ပါသည်။ အဆိုပါ Orion ကို အဆင့်အမြင့်ဆုံး AR မျက်မှန် တစ်စုံအဖြစ် သတ်မှတ်ကာ အသုံးပြုသူများနှင့် ချိတ်ဆက်နေစေရန် ရုပ်ပိုင်းဆိုင်ရာနှင့် Virtual (ပုံရိပ်ရောင်) အတွေ့အကြုံများကို ပေါင်းစပ်ထားပါသည်။
ဘာကြောင့် AR Glasses များကို အသုံးပြုကြတာလဲ
Meta မှ AR မျက်မှန်များသည် အကြောင်းအမျိုးမျိုးကြောင့် လူသားနှင့် ကွန်ပျူတာ အပြန်အလှန် ဆင့်ကဲဖြစ်စဥ်အတွက် အရေးကြီးကြောင်း အခိုင်အမာ ဖွင့်ဆိုထားပါသည်-
အကန့်အသတ်မရှိ ဒစ်ဂျစ်တယ် အတွေ့အကြုံများ - AR မျက်မှန်များသည် သုံးစွဲသူများအား စမတ်ဖုန်း၏ သေးငယ်သော Screen များ၏ ကန့်သတ်ချက်များမှ ကင်းလွတ်စေပြီး 2D နှင့် 3D အကြောင်းအရာများကို လက်တွေ့ပတ်ဝန်းကျင်တွင် ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ် အပြန်အလှန် ဆက်သွယ်မှုများအတွက် ကျယ်ပြန့်သော ပလပ်ဖောင်းတစ်ခုကို ဖန်တီးပေးပါသည်။
Contextual AI – Orion ၏ AI-Powered စွမ်းရည်များသည် ပတ်ဝန်းကျင်ကို နားလည် သဘောပေါက်နိုင်ပြီး ဆက်စပ်အကြောင်းအရာများအပေါ် အခြေခံ၍ သုံးစွဲသူများကို တက်ကြွစွာ ကူညီပေးပါသည်။
Hands-Free and All-Day Use - ကိုင်တွယ်အသုံးပြု၍ ကြည့်ရှုရန် လိုအပ်သော ဖုန်းများနှင့်မတူဘဲ AR မျက်မှန်များသည် ကိုင်တွယ်ထားရန်မလိုဘဲ အပြန်အလှန်ဆက်သွယ်နိုင်စေပါသည်။ Orion ၏ ပေါ့ပါးသော ပုံစံသည် Indoor နှင့် Outdoor တို့တွင် အသုံးပြုရန် သင့်လျော်စေပြီး နည်းပညာနှင့် ထိတွေ့ရန် ပိုမိုသဘာဝကျသော နည်းလမ်းကို ပေးဆောင်ပါသည်။
ထို့ကြောင့် “လူတွေက သူတို့၏ ဖုန်းများကို AR မျက်မှန်တပ်ရန်အတွက် စွန့်ပစ်နိုင်သလား” ဆိုသည့် အရေးကြီးသော မေးခွန်းတစ်ခု ပေါ်ပေါက်လာပါသည်။
စမတ်မျက်မှန်များ၏ ဆင့်ကဲဖြစ်စဥ်
Orion သည် ကြီးမားသော Holographic display နှင့် စိတ်ကြိုက်ပြုလုပ်ထားသော AI အကူအညီကို ယူဆောင်လာမည်ဖြစ်ပြီး Meta ၏ နည်းပညာရှင်များသည် VR နှင့် ရောနှောထားသော Reality (MR) နားကြပ်များ၏ အကောင်းဆုံးရှုထောင့်များကို ယူဆောင်ကာ ၎င်းတို့ကို ပြောင်လက်တောက်ပသော မျက်မှန် တစ်စုံအဖြစ် အသေးစိတ် ပြုလုပ်ထားပါသည်။
စမတ်မျက်မှန် Orion သည် Meta ၏ ပထမဆုံးခြေလှမ်းမဟုတ်ပါ။ ကုမ္ပဏီသည် ယခင်က Ray-Ban နှင့် ပူးပေါင်းကာ Ray-Ban Meta မျက်မှန်များကို ထုတ်ဝေခဲ့သည်။ အဆိုပါ မျက်မှန်များသည် သုံးစွဲသူ များအား Smart Assistant အဖြစ် အသုံးပြုကာ သူငယ်ချင်းများနှင့်ချိတ်ဆက်၍ မျက်နှာပြင် မပါဘဲ အဖြစ်အပျက်များကို မှတ်ယူထားနိုင်ပါသည်။ သို့သော် မျှော်မှန်းထားသည့် AR အတွေ့အကြုံများ အပြည့်အစုံ မပါရှိခဲ့ပါ။
Orion က ဘာတွေထူးခြားလာပါသလဲ။
Orion သည် Miniaturization (ခေတ်မီနည်းပညာ၏အကူအညီဖြင့် သေးငယ်သောအရာတစ်ခုကို ပြုလုပ်ခြင်းလုပ်ငန်းစဉ်) ၏ ထူးခြားအံ့ဖွယ် တစ်ခုဖြစ်ပါသည်။ Meta သည် ပုံမှန်မျက်မှန်များနှင့် မတူဘဲ ဆန်းပြားသော နည်းပညာကို မျက်မှန်တစ်လက်အဖြစ် ထည့်သွင်းထားပါသည်။ ၎င်းတို့ ပြုလုပ်ပုံမှာ ကျစ်ျစ်သော ဒီဇိုင်းရှိခြင်း၊ အကြီးဆုံးမြင်ကွင်းများကို ပေးစွမ်း၍ ကြည့်ရှုနိုင်ခြင်းနှင့် ဖောက်ထွင်းမြင်နိုင် သော မှန်ဘီလူးများ ပါရှိပါသည်။
ဤတီထွင်ဆန်းသစ်မှုများသည် Orion ကို စက်ပစ္စည်းတစ်ခုအဖြစ်သို့ ပြောင်းလဲစေကာ နည်းပညာနှင့် ထိတွေ့ဆက်ဆံပုံများကိုပါ ပြောင်းလဲပေးနိုင်သည့် ဖန်တီးမှုဖြစ်ပါသည်။
Orion က သင့်ကို ဘာတွေလုပ်ပေးနိုင်သလဲ။
Smart Assistant Integration: Meta ၏ AI Assistant ကို Orion တွင် တည်ဆောက် ထားသောကြောင့် ၎င်းသည် အသုံးပြုများ ကြည့်ရှုနေသည့်အရာကို နားလည်ပြီး အသုံးဝင်သော အချက်အလက်များကို ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။ (ဥပမာ - သင်သည် ရေခဲသေတ္တာကို ကြည့်ကာ အတွင်းတွင်ရှိသော အရာကို အခြေခံ၍ ချက်ပြုတ်နည်းတစ်ခု အတွက် AI Assistant ကို မေးနိုင် ပါသည်)
Seamless Communication: အသုံးပြုသူများသည် ဖုန်းကိုင်တွယ်ခြင်းမရှိဘဲ Video Calls ခေါ်ဆို နိုင်ခြင်း၊ WhatsApp မှ Message များ ကြည့်ရှုနိုင်ခြင်းနှင့် စာတိုများ ပေးပို့နိုင်ခြင်းဖြင့် အပြန်အလှန်ဆက်သွယ်မှု အားလုံးကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
Holographic Displays: ဖန်သားပြင်ကြီးပေါ်တွင် ရုပ်ရှင်ကြည့်ခြင်းမှသည် ဒစ်ဂျစ်တယ် Whiteboard ပေါ်တွင် အလုပ်လုပ်နိုင်သည်အထိ ဖြစ်နိုင်ပါသည်။ ထို့ပြင် တစ်ချိန်တည်းတွင် ကြီးမားသော မြင်ကွင်းပေါ်၌ ပြကွက်များစွာကို ပြသစေနိုင်ပါသည်။Social and Immersive Experiences: Virtual အစည်းအဝေးများ တက်ခြင်း သို့မဟုတ် သူငယ်ချင်းများနှင့် တွဲကစားခြင်းကဲ့သို့သော လူမှုဆက်ဆံရေးကို လုပ်ဆောင်ပေးနိုင်ပြီး ရုပ်ပိုင်း ဆိုင်ရာနှင့် ဒစ်ဂျစ်တယ်နယ်ပယ် များကြား နယ်နိမိတ်များကို ပေါင်းစပ်ထားစေနိုင်ပါသည်။
Orion ပစ္စည်း နမူနာပုံစံအတွက် အကြောင်းပြချက်သည် အလွန်ရိုးရှင်းပါသည်။ Meta သည် AR မျက်နှာပြင်အရည်အသွေးကို ချိန်ညှိရန်၊ ပုံစံအချက်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်နှင့် မျက်မှန်များကို တပ်ဆင် နိုင်စေရန်အတွက် စီစဉ်ပေးထားသည်။ ရည်ရွယ်ချက်မှာ ယနေ့ခေတ်စမတ်ဖုန်းကဲ့သို့ လူတို့၏ ဘဝထဲ သို့ ချောမွေ့စွာ ရောနှောပေါင်းစပ်ထားသော ထုတ်ကုန်တစ်ခုကို မိတ်ဆက်ရန်ဖြစ်ပါသည်။
Orion သည် စမတ်ဖုန်းကို အစားထိုးနိုင်ပါသလား။
Orion ၏ ရှင်းလင်းပြီး ဆွဲဆောင်မှုရှိသောကြောင့် အလားအလာကောင်းများ ရရှိနိုင်မည်ဟု ငြင်းပယ်လို့ မရနိုင်ပါ။ သို့သော်လည်း Orion သည် စမတ်ဖုန်းများ၏ ဘက်စုံသုံးနိုင်မှုနှင့် ကိုက်ညီရန် လိုအပ်ပြီး ဆက်သွယ်ရေးနှင့် ဖျော်ဖြေရေးတို့ကို အလားအလာရှိသော အခြားရွေးချယ်စရာ အဖြစ် ပေးဆောင်ရန် လိုအပ်ပါသည်။ AR မျက်မှန်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခွင့်ရရှိရန်အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မည်မျှမြန်မြန်ဆန်ဆန် လျှော့ချနိုင်သည်မှာ မသေချာပါ။ သက်တောင့်သက်သာရှိမှုနှင့် ဒီဇိုင်းတို့သည် မရှိမဖြစ်လိုအပ်သောကြောင့် မျက်မှန်များသည် အချိန်ကြာမြင့်စွာ ဝတ်ဆင်နိုင်ရမည်။ အသုံးပြုမှု ရလာဒ်ကို ပြသနေစဉ်တွင် ပရိသတ်ကို ပိုမိုဆွဲဆောင်နိုင်ရန် လိုအပ်ပါသည်။ ထို့အပြင် Built-in AI နှင့် ကင်မရာများနှင့် ပတ်သက်သော ကိုယ်ရေးကိုယ်တာကိစ္စရပ်များသည် လက်ခံမှုကို အဟန့်အတား ဖြစ်စေနိုင်ပြီး Meta သည် အသုံးပြုသူ၏ယုံကြည်မှုကို တည်ဆောက်ရန်အတွက် အဆိုပါပြဿနာများကို ဖြေရှင်းရန် လိုအပ်မည်ဖြစ်ပါသည်။

Meta Orion AR Glasses: Release date
Meta Quest 3S သည် Meta ၏ ရှိရင်းစွဲ VR နားကြပ်ထက် ပိုမိုစျေးသက်သာသော ဗားရှင်းဖြစ်ပြီး Orion AR သည် Holographic Display များကို ပိုမိုအဆင့်မြင့်သော နည်းပညာအသစ်ဖြင့် သီးသန့် ဖန်တီးထားသော Augmented Reality မျက်မှန်ဖြစ်ပါသည်။
The Meta Quest 3S သည် မကြာတော့သည့် အနာဂတ်ဖြစ်သော ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ဝေရန် စီစဉ်ထားပြီး Pre-order များ စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း “Mark Zuckerberg” က Conference တစ်ခုတွင် ပြောကြားသွားခဲ့ပါသည်။

Meta Orion AR Glasses သည် ၂၀၂၇ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလ အတွင်း ဖြန့်ချိရန် ဖြစ်နိုင်ချေရှိပါသည်။

Meta AI’s Orion AR Glasses: Smart AI-Driven Tech to Replace Smartphones
Video ကြည့်ရှုနိုင်ရန်: https://www.youtube.com/watch?v=1GTuvjOqIEM
www.analyticsinsight.net/ မှတဆင့် ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
ဘာသာပြန်ဆိုသူ: Phoo