


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစိုးရ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အရေးပါသော နိုင်ငံ့ဝန်ထမ်းများ၏ နည်းပညာကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုအဆင့် ရုံး၊ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအသီးသီးမှ CIO/ ACIO များနှင့် e-Government စီမံကိန်းများတွင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေသည့် အရာထမ်းများ၊ IT ပညာရှင်များအတွက် Effective Digital Service Management and IT Governance သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလူမွန် တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပါသည်။
အခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် ဌာနတာဝန်ခံများ၊ သင်တန်းဆရာ ဆရာမများ၊ ပြည်ထောင်စုအဆင့် ရုံး၊ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများအသီးသီးမှ CIO/ACIO သင်တန်းသားများ၊ e-Government စီမံကိန်းများတွင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေသည့် သင်တန်းသား သင်တန်းသူ ၃၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။