Computer Repair and Maintenance နှင့် Project Planning and Management for Software Development သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား


သတင်းများ Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Computer Repair and Maintenance သင်တန်းနှင့် Project Planning and Management for Software Development သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၆၄ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) က ဒီကနေ့ဖွင့်လှစ်ခဲ့သည့် Computer Repair and Maintenance သင်တန်းသည် ကွန်ပျူတာအခြေခံ၊ Windows Installation နှင့် ကွန်ပျူတာ Hardware ပြုပြင်ထိန်းသိမ်းနည်း များကို လက်တွေ့ပြုလုပ်၍ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Project Planning and Management for Software Development သင်တန်းသည် Software Project တစ်ခုကို အောင်မြင်စွာ စီစဉ်ဆောင်ရွက်နိုင်မည့် စီမံခန့်ခွဲရေးဆိုင်ရာ အခြေခံမူများ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိလေ့လာနိုင်ပြီး Software Development လုပ်ငန်းစဉ်များကို ကောင်းစွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) က မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် HR ဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါသည့်ကဏ္ဍတစ်ရပ် ဖြစ်ကြောင်း၊ e-Government ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် အဓိကမောင်းနှင်ကြရမည့် နိုင်ငံဝန်ထမ်းများအနေဖြင့် ဖွင့်လှစ်ပေးသည့် သင်တန်းများမှ တစ်ဆင့် နည်းပညာနှင့် လုပ်ထုံးလုပ်နည်းများ၊ အလေ့အကျင့်ကောင်းများနဲ့ စံချိန်စံညွှန်းများကို  ပေါင်းစပ်ပြီး ဆောင်ရွက် သွားနိုင်စေဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

Computer Repair and Maintenance နှင့် Project Planning and Management for Software Development သင်တန်းများသည် ၁၆-၉-၂၀၂၄ ရက်နေ့ မှ ၂၀-၉-၂၀၂၄ ရက်နေ့ အထိ ၁ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။