Computer Repair and Maintenance နှင့် Project Planning and Management for Software Development သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနား


သတင်းများ Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Computer Repair and Maintenance သင်တန်းနှင့် Project Planning and Management for Software Development သင်တန်းများ၏ သင်တန်းဆင်းပွဲကို သြဂုတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ e-Learning စာသင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၆၁ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးမှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းအသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်  သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Computer Repair and Maintenance နှင့် Project Planning and Management for Software Development သင်တန်းများသည် ၁၉-၈-၂၀၂၄ ရက်နေ့ မှ ၂၃-၈-၂၀၂၄ ရက်နေ့ အထိ ၁ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။