


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း ဖွင့်လှစ်ပို့ချ သည့် AI-Powered Personal Growth သင်တန်း၊ Basic Networking သင်တန်း (ဒုတိယအကြိမ်) နှင့် Cloud Administration Essentials သင်တန်း(ပထမအကြိမ်) တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကျောင်း ကျောင်းအုပ် နှင့် ဌာနတာဝန်ခံများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူ ၁၀၈ ဦး တက်ရောက်ခဲ့ပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစိုးရ၏ ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကို လက်တွေ့ကျကျဆောင်ရွက်နိုင်စေမယ့် အရေးပါတဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ နည်းပညာကျွမ်းကျင်မှုနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများကို စွမ်းဆောင်နိုင်မှုများ တိုးတက်လာစေရန် ရည်ရွယ်ပြီး ယခုလို သင်တန်းတွေကို ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း နိုင်ငံ့ဝန်ထမ်းများရဲ့ ခေါင်းဆောင်မှုနှင့် နည်းပညာကျွမ်းကျင်မှုတို့ဟာ နိုင်ငံတော်၏ မူဝါဒများနှင့်အတူ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ခေတ်မီနည်းပညာ အသုံးချနိုင်ဖို့အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်ကြောင်း သင်တန်းသားများအနေနဲ့ မိမိတို့ရဲ့ အသိပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် တတ်နိုင်စွမ်းကို တိုးတက်အောင် အမြဲမပြတ် လေ့လာကြိုးစားပြီး အသိပညာနှင့် ကျွမ်းကျင်မှုများ ပေါင်းစပ်ပြီး မိမိအဖွဲ့အစည်းနဲ့ ကိုက်ညီမယ့် နည်းပညာတိုးတက်မှုများကို ထိရောက်စွာ အကောင်အထည် ဖော်သွားဖို့ လိုအပ်ကြောင်း ပြောကြားသွား ခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ခြင်းနှင့် သင်တန်း အသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသား/ သင်တန်းသူများအား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။