AI-Powered Personal Growth သင်တန်းဖွင့်ပွဲအခမ်းအနား


သတင်းများ Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း AI-Powered Growth သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် Internet Access Center (IAC) ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

AI-Powered Personal Growth သင်တန်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး သင်တန်းတွင် AI ၏ အခြေခံ သဘောတရားများ၊ နိုင်ငံတကာတွင် AI နည်းပညာ အသုံးချမှုများ၊ AI စွမ်းဆောင်ရည်များ၊ AI Tools များကို အသုံးချ၍ တီထွင်ဖန်တီးမှုများ၊ Ethical ဆိုင်ရာကျင့်ဝတ်များ၊ စံသတ်မှတ်ချက်များနှင့် AI Tools အသုံးပြုမှုဆိုင်ရာ လုံခြုံရေး သတိပြုရမည့် အချက်များကို သင်ကြားပို့ချပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

AI-Powered Growth သင်တန်းသည် ၁၇-၂-၂၀၂၅ ရက်နေ့ မှ ၂၁-၂-၂၀၂၅ ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။