Advanced Networking II ၊ PHP Programming ၊ Linux Foundation နှင့် Microsoft Office Excel 2019 (Online) သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား


Training Center

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Advanced Networking II (၀၂၀၇/၀၂/၂၄-၂၅) သင်တန်း ၊ PHP Programming (၀၃၀၅/၀၁/၂၄-၂၅) သင်တန်း ၊ Linux Foundation (၀၄၀၁/၀၁/၂၄-၂၅) သင်တန်း  နှင့် Microsoft Office Excel 2019 (Online) (၀၁၀၃/၀၁/၂၄-၂၅) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၉၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ်က ဒီကနေ့ဖွင့်လှစ်ခဲ့သည့် Advanced Networking II သင်တန်းသည် မိမိတို့ဌာနအတွင်းရှိ Core Network လုပ်ငန်းများတွင် တာဝန်ယူ ဆောင်ရွက်နိုင်စေရန်နှင့် တာဝန်ယူနေဆဲ ဝန်ထမ်းများအတွက်လည်း အထောက်အကူ ဖြစ်စေရန် e-Government Project များတွင်  မဖြစ်မနေသိထားသင့်သည့် Network Performance မြှင့်တင်ခြင်း၊ လုံခြုံသည့်ကွန်ရက် ဆက်သွယ် တည်ဆောက်ခြင်း၊ ကွန်ရက်အတွင်းရှိ ဒေတာစီးဆင်းမှု လုံခြုံရေးကို မြှင့်တင်ပေးခြင်း နှင့်  Monitoring ပြုလုပ်ခြင်း နည်းလမ်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

PHP Language သင်တန်းသည် မိမိတို့ဌာနတွင်ရှိသည့် Website/ Web Application များ၏ Backend ပိုင်း ဖြစ်သော Dynamic Websites များကို ကိုယ်တိုင် ရေးသား ဖန်တီးမှုများ ပြုလုပ်နိုင်စေဖို့နှင့် ဌာနဆိုင်ရာ Website များကို သေချာစွာ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုနိုင်စေဖို့ ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Linux Foundation သင်တန်းသည် Linux Operating System ၏ အဓိက အားသာချက်ဖြစ်သည့် Open Source အကြောင်း နှင့် Linux File System များတည်ဆောက်ထားပုံကို သိရှိနိုင်စေရန်၊ ကုန်ကျစရိတ် သက်သာစွာဖြင့် Open Source Platform များဖန်တီးနိုင်စေရန် ရည်ရွယ်ပြီး Linux Command များ ၊ Linux File System များ၊ Linux Server များကို အခြေခံအဆင့် ကိုင်တွယ်အသုံးပြုနိုင်သည်အထိ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Online မှတစ်ဆင့် ပို့ချပေးသွားမည့် Microsoft Office Excel 2019 သင်တန်းသည် ရုံးဌာန၊ အဖွဲ့အစည်းများအတွက် အခြေခံ IT အသုံးချ  ရုံးလုပ်ငန်း စနစ်ကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သင်တန်းကျောင်း၊ ကျောင်းအုပ်က e-Government စနစ်မှသည် Digital Government စနစ်သို့ လုပ်ဆောင်နိုင်စေရန် ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၏ capacity နှင့် capability တိုးတက်အောင် လေ့ကျင့်ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ နိုင်ငံ၏ ဒစ်ဂျစ်တယ်အစိုးရအသွင် ကူးပြောင်းမှုဖြစ်သည့် “ပြည်သူဗဟိုပြု ဒစ်ဂျစ်တယ်နည်းပညာများနှင့် အချက်အလက်များကို အသုံးပြုပြီး ပြည်သူ့အုပ်ချုပ်ရေးအသွင် ဦးစားပေးချဉ်းကပ်မှု” လုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများအား အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်စေရန်အတွက် ကြိုးပမ်းအား ထုတ်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

Advanced Networking II ၊ PHP Programming ၊ Linux Foundation နှင့် Microsoft Office Excel 2019 (Online) သင်တန်းများသည် ၂၃-၉-၂၀၂၄ ရက်နေ့မှ ၁၁-၁၀-၂၀၂၄ ရက်နေ့အထိ ၃ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။

သင်တန်းကျောင်း