


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Advanced Networking II နှင့် (ဒုတိယအကြိမ်) Windows Server Administration II သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၂)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၄၅) ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် Advanced Networking II သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်ရှယ်လီစိုးသန်းအား လည်းကောင်း၊ အလုပ်သမား၀န်ကြီးဌာနမှ ဒေါ်ဆုသိင်္ဂီမြင့်ဌေးအား လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးဝင်းမင်းသန့်အား လည်းကောင်း ထူးချွန်ဆုများ ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး Windows Server Administration II သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးရဲကိုကိုထွန်းအား လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးမင်းထက်အောင်အား လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒေါ်အေးမြတ်မွန်အား လည်းကောင်း ဆုများ အသီးသီးပေးအပ်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။